"ဒီမှာဗျ အခုကလေ ဘယ်နှခုနစ်လည်းမသိဘူး"
ရောက်လာတည်းကနေရာကရင်နှီးမနေဘဲထူးဆန်းနေတာကြောင့်လမ်းမှာတွေ့တဲ့ဦးလေးကြီးတစ်ယောက်အားသိချင်စိတ်နှင့်မေးကြည့်လိုက်ရာ ပြန်ဖြေလာသည်မှာ
"အခုက 1996ခုနှစ်လေ လူငယ်လေး"
မထင်မှတ်ထားမိပါ။ 1996တဲ့လား?? ဒါဆိုအချိန်ခရီးသွားတဲ့ပုံမျိုးလား??
စနေတယ်ထင်တာမို့မယုံစွာဖြင့်ထပ်မေးကြည့်လိုက်မိသည်။"ဗျာ? 2024 မဟုတ်ဘူးလားဗျ?"
"အယ်? 1996ပါ လူငယ်လေးရ"
သွားပြီ သွားပြီ။
ဒီဦးလေးမျက်နှာထားအရတကယ်ကြီးထင်တယ်။ရှောပြီ.. မင်းတော့တကယ်ရှောပြီ ဟန်ယူဂျင်း..
အခုဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ!!"မေးလို့ပြီးပြီဆိုဦးလေးသွားတော့မယ်နော်"
"အာ.. ဟုတ်ကဲ့"
တစ်ဖက်အားပြန်နှုတ်ဆက်ပြီးနောက်သူ့မျက်လုံးကအမှတ်မထင်သူပတ်ထားတဲ့နာရီပေါ်သို့။
"ဘာလဲဟ..ဒါက"
နာရီထဲမှသေးငယ်စွာပေါ်နေသောစာလုံးငယ်များအားပြူးတူးပြဲတဲဖတ်ကြည့်လိုက်ပြီးနောက်ဆုံးမှာအဓိပ္ပာယ်ဖော်နိုင်ခဲ့သည်။
'သင်သည် 1996ခုနှစ်တွင် 6လကြာနေထိုင်ရပါမည်။'
အဓိပ္ပာယ်အားနားလည်သွားချိန်မှာတော့သရဲတွေ့သလိုလန့်ဖြန်ပြီး မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရလေသည်။
6လ??? 6လ!!!
ရူးနေလား!!!?? 6လလေ?!?!
တစ်နှစ်ရဲ့တစ်ဝက်ကြီးတောင်ကွ!!"ဟူးးးး ဟမ်?"
6လတောင်ဒီခုနှစ်ထဲသောင်တင်ရတော့မယ့်အခြေအနေကြောင့်သက်ပြင်းအရှည်ကြီးချလိုက်ပေမယ့်နာရီကိုကြည့်ကာတစ်ခုခုအားသတိရသွားလေသည်။
"အားးး ဟုတ်သားပဲ!!! ဒီနာရီ!!"
***
ယနေ့အိမ်ပြောင်းရမှာမို့အစောကြီးထကာအားလုံးကိုအမေတို့နဲ့အတူပြင်ဆင်ရလေသည်။
အစောကြီးမထချင်တဲ့သူ့အဖို့တော့အလွန်ခက်ခဲ၏။ အိပ်ချင်မူးတူးဖြင့်ဟိုကိုင်ဒီကိုင်လုပ်နေပြီးထိထိရောက်ရောက်မကူညီတဲ့သူ့ကိုအမေကမြင်ကာ