အပိုင်း ၂
လီချေရှူးက ဒီလို : ပိန်သွယ်သွယ်နဲ့အရပ်မြင့်ပြီး သန့်ရှင်းဖြူစင်တယ် တိတ်တိတ်လေးနဲ့မပေါင်းသင်းတတ်ဘူး ထိန်းချုပ်တတ်ပြီးယဉ်ကျေးတယ် အရိုးထဲကနေကို မှိုင်ကျနေတာ ကျောင်းတက်တုန်းကလည်း လောင်ရှစ်းက အမှတ်စာရင်းယူလာပြီး ချီးကျူးလိမ့်မယ် နောက်ကွယ်မှာတော့ "စာဂျပိုး" လို့ခေါင်းခါပြောလိမ့်မယ် ဘယ်သူ့ကိုမဆိုအသံတိုးတိုးနဲ့ပြောတတ်တယ်လေ ဒေါသထွက်ရင်တောင် "တောင်းပန်ပါတယ်" အရင်ပြောလိမ့်မယ် တရုတ်ရိုးရာရှေးကျကျမိသားစုထဲက မိဘတွေအနားမရှိရင်တောင် ထူးချွန်ရည်မွန်မှုကိုထိန်းထားတဲ့ကလေးက ဘယ်လိုပုံဆိုရင် သူလည်းအဲ့လိုပဲ
ကျွန်တော်ကရော ကျွန်တော်ကရှန်ပေါက်ရှန်း ကျွန်တော်ပေါက်ကရလေးဆယ်လျှောက်ပြောနေတာကို ခင်ဗျားမကြည့်ပါနဲ့ ကျွန်တော်က ပုံမှန်လူတစ်ယောက်ပါ
မွေးတုန်းက ချမ်းသာတယ်ပြောလို့ရပါတယ် ဒါကမိဘတွေရဲ့ချမ်းသာမှုလေ မိသားစုနဲ့လည်း သင့်မြတ်တယ် မွေးရာပါကောင်းကျိုးတွေလည်းရှိတယ် အဆင့်လည်းမဆိုးဘူး အထက်တန်းတုန်းက လီချေရှူးပထမဆိုရင် ကျွန်တော်က ဒုတိယပဲ တစ်ခါတလေစိတ်အခြေအနေပေါ်ကြည့်လို့ တတိယ စတုတ္ထ ပဉ္စမဖြစ်သွားတတ်တယ် ကျွန်တော်ကသူ့ထက်ရေပန်းစားတယ် လောင်ရှစ်းနဲ့အတန်းဖော်တွေကြား အတော်လေးကြိုဆိုခံရတာမျိုးလေ
ဟုတ်သား မဟုတ်ရင် လီချေရှူးက ဘာလို့ကျွန်တော့်ကိုဆယ်နှစ်ကြာတိတ်တိတ်လေးသဘောကျနေမှာလဲ
အခုတွက်ကြည့်ရင် ကျွန်တော်နဲ့ သူသိလာတာ ဆယ်နှစ်ကျော်နေပြီ သိတယ်လို့ပြောလို့မရဘူး အထက်တန်းတုန်းက ကျွန်တော့်စိတ်ထဲမှာ လီချေရှူးဆိုတဲ့နာမည်ရှိနေခဲ့တယ် အထူးသဖြင့် စာသင်နှစ်ထဲမှာ အဲ့ဒီလိုလူရှိနေကြောင်းသိလိုက်ရတဲ့အခါမှာပေါ့ ဒါပေမဲ့ သူကျွန်တော့်ဘေးမှာ ကျွန်တော်တောင်မသိတဲ့ အဆင့်နဲ့ဖြတ်သွားမယ်လို့မထင်ခဲ့ဘူး
ပြောရရင် ကျွန်တော်ကကောင်းကင်ပေါ်မှာချိတ်နေတဲ့ ဝမ်လောင်ဝူလေဗျာ မျက်လုံးထဲဘယ်သူ့ကိုမှထည့်လို့မရဘူး
YOU ARE READING
《ကျို့ကုရှင်းကျန်》အသိဟောင်း ကြီးထွားမှုအသစ်
Romance"အချစ်က ဘယ်လိုလုပ်အိုဟောင်းအားနည်းစေမှာလဲ" "လွမ်းဆွတ်တမ်းတမှုကိုပဲဖြစ်စေတာ" --