ကိုကိုမောင် (၇)တန်းအောင်တော့ သူ့ဦးလေးရှိရာ မန္တလေး စိန်ပန်းရပ်သို့ ရောက်လာ၏။ အစကတော့ ကျောင်းဆက်တက်ရန် စိတ်ကူးမရှိခဲ့။သူ့ရဲ့ဦးလေးဖြစ်သူ ကိုမြင့်ဟန်က ကျောင်းဆက်ထားဖို့ တာဝန်လိုက်ယူသဖြင့်
သူ့အမေ မခင်ဝင်းက သဘောတူလိုက်ခြင်းဖြစ်သည်။ဦးလေးဖြစ်သူ ကိုမြင့်ဟန်မှာ သံရည်ကျိုလုပ်ငန်းဖြင့် ကြီးပွားနေ၏။မန္တလေးမှာပဲ
အလုပ်ရုံက သပ်သပ်၊ အိမ်က သပ်သပ်ဖြစ်သည်။ကိုကိုမောင်၏အမေက သူ့သားကို မန္တလေးသို့ ပို့ခြင်းမှာ ကျောင်းဆက်ထားဖို့ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု သင်ကြားစေရန် ဖြစ်သည်။ဒီရောက်မှ
အစီအစဉ်တွေ ပြောင်းကုန်ကြခြင်းဖြစ်၏။ကိုမြင့်ဟန်၏မိန်းမ မနှင်းရီက ငွေကုန်မည့် ကိစ္စမို့ သိပ်တော့မကျေနပ်။သို့သော်လည်း
ကိုမြင့်ဟန်ကို ကြောက်ရသည့်အတွက် အောင့်သက်သက်နှင့် နေလိုက်ရသည်။
လူရည်လည်သော ကိုကိုမောင်ကလည်း
သူ့ဦးလေး မိန်းမ မကျေနပ်မှန်း ရိပ်မိသည်။ ထို့ကြောင့် မနှင်းရီနှင့် အဆင်ပြေအောင် ပေါင်းရမည်ကိုပါ နားလည်လိုက်သည်။ကျောင်းဖွင့်ဖို့ကလည်း တစ်လခွဲလောက်
လိုသေး၏။ထို့ကြောင့် အလုပ်ရုံနှင့်အိမ်ကို
ကူးချည်သန်းချည်လုပ်ကာ မနှင်းရီ တာဝန်များကို ဝိုင်းကူလုပ်ပေးသည်။ကိုကိုမောင်က မပျင်းမရိ၊ မခိုမကပ် လုပ်ကိုင်ပေးတတ်သဖြင့် တစ်ပတ်အတွင်း မနှင်းရီက သူ့ကို သဘောကျသွားသည်။မနှင်းရီက အိမ်ဆိုင်ဖွင့်ထားသည်ဖြစ်ရာ လိုအပ်သော ပစ္စည်းများကို ဈေးချိုသို့ သွားဝယ်ပေးရသည်။ကိုကိုမောင် မရောက်ခင်က တစ်နေ့လုံးလိုလို ဖတ်ဖတ်မောအောင် လုပ်ခဲ့ရသော မနှင်းရီ တစ်ယောက် ယခုတော့ တဝက်မကပင် သက်သာနေသဖြင့် ကိုကိုမောင့် အပေါ် သဘောကျ ကြည်ဖြူလာသည်။ကိုကိုမောင် လုပ်ကိုင်ပေးသမျှကိုလည်း လုပ်အားခဟု သဘောထားကာ ကျောင်းမုန့်ဖိုးအဖြစ် ယခုကတည်းက စုပေးထား၏။
ဦးလေးဖြစ်သူ ကိုမြင့်ဟန်မှာ မနက်မိုးလင်းသည်နှင့် အလုပ်ရုံသို့ထွက်သွားကာ ညဖက်
မိုးချုပ်မှ ပြန်လာလေ့ရှိသည်။နေ့စဉ်လိုလို များသောအားဖြင့် ညကိုးနာရီခွဲ၊ ဆယ်နာရီမှ ပြန်လာလေ့ရှိသည်။သည်တော့ ကိုကိုမောင် တစ်ယောက် မနှင်းရီအတွက် အကောင်းဆုံး ကူဖော်လောင်ဖက် ဖြစ်လာသည်။ပြီးတော့
ကိုမြင့်ဟန်ကလည်း ကလေးမရနိုင်သော
သူမို့ သူတို့လင်မယားမှာ သားသမီးရတနာ
မထွန်းကားသဖြင့် ကိုကိုမောင်ကို သားလေး
တစ်ယောက်သဖွယ် သဘောထား ဆက်ဆံလာခဲ့ကြသည်။
YOU ARE READING
လွယ်အိတ်ကလေး (The Bag)
Short Storyတင်ထားပြီးသမျှ စာအုပ်များထဲမှ စာအုပ်ကောင်းတစ်ခုကို ပြန်လည်၍ Remake ပြုလုပ်ထားခြင်းဖြစ်သည်။(ချစ်သူနှစ်ဦးမှာ ချစ်ခင်ကြသောလည်း အမှောင်စိတ်အား အလိုလိုက်မိသွားကြခြင်း။)