အပိုင်း ၁

5 1 2
                                    

ရှန်မိသားစု ဗီလာတစ်ခုတွင်.....။

"အိုက်ယား.....ဘယ်လိုလုပ် ရမလဲ ။သခင်လေးရဲ့ ဒီပုံစံကို သခင်ကြီးမြင်ရင် ဘယ်လိုလုပ်မလဲ ။ကျွန်တော်ပြောပါတယ် သခင်လေး ဘေးကင်းဖို့ အဓိက ၊စိတ်ကြည်ဖို့ အဓိက လို့ ...."
"ရှောင်ယန် ....ဒေါက်တာဝမ်ကို လိုက်ပို့ပြီးရင် သခင်လေးရဲ့ သူငယ်ချင်းမစ္စတာဟန် ကို ဝင်ကြိုခဲ့လိုက်
ငါဖုန်းဆက်ထားလိုက်မယ် "

ပွက်လောရိုက်နေသော စကားသံများက နားထဲတွင်ဆူညံနေပြီး မျက်လုံးများကမူ ဝေဝါးနေဆဲ ဖြစ်လေသည် ။အချိန်ခဏကြာပြီးမှ သာ မျက်စိရှေ့မှ မြင်ကွင်း
မှာရှင်းလင်း ပြတ်သားလာ၏။

သူ့ဘေးတွေမူ သောကရောက်နေဟန်ဖြင့် လူဝကြီးက ခေါက်တုံ့ခေါက်ပြန် လျှောက် နေပြီးသူကမူပတ်ဝန်းကျင်နှင့် လက်ရှိအခြေအနေကို တွဲစပ်မမိသေးပေ။ သူ့ကိုယ်တွင်မူ အောက်ဆီဂျင် ပိုက် IV drip ၊ပတ်တီးဖြူဖြူများ ကိုတွေ့နေရပြီး ယခင်ကအဖြူအမည်း နှစ်ကာလာသာ ရှိသောသူ၏ master room သည် ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြင့် ရှုပ်ယှက် ခက်နေတော့ ၏။

"ယိုးးး ဟိုတလောက ပဲ မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့လို့ မြန်မာလို ပီပီသသကြီး ဆုံးမသွားတဲ့ မစ္စတာရှန်လင်းရေ ....ဘယ်လို ဖြစ်ရတာလဲ "
"ဦးလေးစုန့် ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ နော်..."

ထိုလူသည် မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ကာ မစ္စ ရှန်၏အရင်းနှီးဆုံး ဆွေမျိုးတစ်ဦး လဲ ဖြစ်သောကြောင့်
အိမ်တော်ထိန်းစုန့် မလေးမစားမလုပ်ရဲပဲ ဖော်ရွှေစွာ ပြုံးပြပြီး သယ်စရာရှိသော လက်ဆွဲအိတ်အား ကိုယ်တိုင်ကိုယ်ကျ သယ်ယူ လိုက်လေသည်။

"ဒေါက်တာဟန် ကို အလောတကြီး ခေါ်လိုက်ရတာကို
စိတ်မရှိလောက်ဘူးလို့ ဒီလူအိုကြီး ထင်ပါတယ်။"
"ကျေးဇူးပြုပြီး သခင်လေးကို ဖျောင်းဖြပေးပါဦး...."

"မစိုးရိမ်ပါနဲ့ အန်ကယ်စုန့် ... အားလုံးအဆင်ပြေသွားမှာ ပါ၊စိတ်ချလက်ချ နေပြီး လုပ်စရာရှိတာသွားလုပ်လို့ရပါတယ်"
"ဟဲဟဲ ...ဒါဆိုမိတ်ဆွေလေးကို ဒီက ကိစ္စတွေ အပ်ထားခဲ့မယ်နော် ဒီလူအိုကြီးမှာ ကိုင်တွယ်ရမဲ့ကိစ္စ လေးတွေရှိသေးလို့ ခွင့်ပြုပါဦး ...၊ရှောင်ယန်လဲ လိုက်ခဲ့ ...ဒီကိစ္စအကြောင်းစုံသိရအောင် စုံစမ်းဖို့ လိုတယ်"

ချစ်ခြင်းရဲ့မျဉ်းပြိုင်သီအိုရီWhere stories live. Discover now