အပိုင်း ၂

3 0 0
                                    

ရှန်လင်း ဘေးကသူ့ညီဝမ်းကွဲကို လေ့လာလိုက်တယ်။

သူ့မှာပညာရှင်ဆန်တဲ့ရောင်ဝါရှိပြီးလူတွေအပေါ် နူးညံ့တဲ့ ကျောက်စိမ်းလို သက်တောင့်သက်သာဖြစ်စေမဲ့ ခံစားချက် မျိုးပေးစွမ်းနေလေတယ်။

သူ့ရုပ်ရည်ကလဲမဆိုးဘူးပဲ။ သို့ပေမဲ့ သည်အချက်မှာ တခြားသူများအမြင်တွင် ဖြစ်ပြီး သူ၏ရှေ့တွင်ဒီဝမ်းကွဲညီငယ် က ကစားစရာကို ချောင်းနေသည့် လက်သည်းဖွက်ထားသည့် ကြောင်ရိုင်းလေးလိုပင်။

"မတွေ့ရတဲ့နှစ်တွေအတွင်း ကျားအသည်းတွေဘာတွေ မှားစားထားတယ် ထင်တယ် ။အခုတော့ ဒီအစ်ကို ကို တောင်နာမည်တပ် ခေါ် ဝံ့နေပြီပေါ့ ....ဟမ်"

"စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားမနေပါနဲ့ ၊ငယ်ငယ်တုံးက မင်းလှည့်စားတာမခံရဘူးဆိုရင်မင်းထက် ၃လလောက် ကြီးတဲ့ ငါက မင်းကို ကိုကို ကိုကို ဆိုပြီး ဘာလို့ ရူးရူးမိုက်မိုက် ခေါ်ခဲ့မိမှာလဲ ။အထက်တန်းကျောင်းဝင်ခွင့်ဖောင်သာ ကူမဖြည့်ပေးမိရင် တစ်သက်လုံးလှည့်စားခံနေရလောက်တယ် ။ဉာဏ်များတဲ့ မြေခွေးကောင်......"

ဟန်ယွမ်ကျိန်ဆဲရင်း လက်တဖက်က လဲ ဆန်ပြုတ်ကိုနွေးသွားအောင် ဇွန်းနဲ့ တချက်ချင်းမွှေလိုက်သည်။
ထို့နောက်ခုတင်ခေါင်းရင်းဆီ တဝက်မှီထားတဲ့သူဆီကမ်းပေးရင်း မေးလိုက်တယ်။

"အခုအကြောင်းအရင်းအစုံကို ပြောပြသင့်ပြီမလား ...ရှန်လင်း ၊ဒီမှာဘာတွေဖြစ်နေတာလဲ ၊မင်းဘာတွေကြုံနေရတာလဲ...."

ဟန်ယွမ်ကမ်းပေးလာတဲ့ ဆန်ပြုတ်ကို ယူလိုက်သည်။အတွေးနစ်နေဟန်နှင့် ၂ချက်လောက် ထပ်မွှေရင်းသူပြော လိုက်တယ်။

"ဟန်ယွမ်.... ငါရုံးချုပ်မှာမရှိတုန်း ရှန်ယွမ်ရဲ့ ဂိုထောင်တစ်လုံး မီးလောင်သွားတယ်။ထူးဆန်းတာက
လာမဲ့ 3လ ပိုင်းမှာ costumer လက်ထဲအရောက် ထည့်ပေးရမဲ့ အရည်အသွေးမြင့် သိုးမွှေးထည်တွေ ထည့်ထားတဲ့ဂိုထောင်ပဲ။အခုက ၁၀လပိုင်းဆိုပေမဲ့
အထည်တစ်ထည် ၊စတိုင်တစ်ခုခြင်းဆီကို အစက ပြန်လုပ်ရမယ် ဆိုရင်တောင် အချိန်၄လ က ငါတို့ production ပိုင်းအတွက် မလောက်ငှ ဘူး။

ချစ်ခြင်းရဲ့မျဉ်းပြိုင်သီအိုရီWhere stories live. Discover now