1502သည်အရာရာ

90 9 2
                                    

(A/Nဒီအပိုင်းကတော့မစသေးပါဘူးနော် ဇာတ်လမ်းအကြောင်းပြောမယ့်အပိုင်းပဲ Alpha,Beta,Omegaဇာတ်လမ်းတစ်ခုပါ)

ဂင်မင်းဂျောင်ဆိုတဲ့Omegaမိန်းကလေးဟာ ငယ်ငယ်ကတည်းက အမေကကားမတော်တဆတစ်ခုကြောင့် ဆုံးသွားပြီး အဖေကလည်း သူ၂၀နှစ်လောက်မှာ နောက်မိန်းမယူသွားခဲ့တယ် အဖေက
အသက်ကြီးပြီးယူတဲ့မိန်းမကလည်း Omegaမိန်းမတစ်ယောက် အသက်အရွယ်ကတော့ သူနဲ့၆နှစ်သာကွာသည်။ အဲ့အချိန်ကစပြ်ိး အဖေနဲ့ရန်ဖြစ်တယ် စကားများတယ် အဓိကပြဿနာက သူ့မိထွေးကြောင့်ပဲ။မိထွေး အပေါ်အယံလေးသာ သိမ်သိမ်မွေ့မွေ့လေးထင်ရပေမဲ့ တကယ်တော့ စုန်းမတစ်ကောင်လိုကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်။

မင်းဂျောင်က သူ့မှာချစ်ရတဲ့Betaချစ်သူတစ်ယောက်ရှိပြီး သူ့ရဲ့ချစ်သူကို မိထွေးကသိသွားပြ်ီး
သဘောမတွေ့ဘူး အဲ့ဒါနဲ့ချစ်ရတဲ့သူကို မိထွေးဖြစ်သူက သူ့အိမ်မှာစကားပြောရင်း ​ရန်ဖြစ်ကြသည်။ သူ့ရဲ့ကောင်လေးကို မိ​ထွေးကတွန်းချလိုက်ပြီး သူကတော့ မသေပါဘူး။ဒါကို မျက်စိရှေ့မှာတွေ့လိုက်တဲ့ မင်းဂျောင်ဟာ သူဒေါသတွေဖြစ်ကာ အဲ့မိထွေးဆိုတဲ့သူကို အားကြီးကြီးနဲ့ ဓားနဲ့ထိုးလိုက်မိသည်။နာရီအနည်းငယ်ကြာတော့ မင်းဂျောင်ကို ရဲတွေကဖမ်းသွားကြသည်။ သူဟာလည်း လူသတ်မှုနဲ့ထောင်ဒဏ်နှစ်နှစ်ကျခဲ့သည်။
ဒါက မင်းဂျောင်ရဲ့အကြောင်းပါ။

ယူဂျီမင်အကြောင်းကတော့ သူဟာဘွဲ့ရပြီး အချိန်ပိုင်းအလုပ်တွေလုပ်ရတာ ဝါသနာပါတယ်
အဲ့ဒါကို မိဘဖြစ်သူတွေကတော့ သဘောမကျကျပါဘူး။ချမ်းသာတဲ့သူဌေးအသိုင်းအဝိုင်းက လာတာဆိုတော့ ဂျီမင်ကို ကုမ္မဏီမှာအမွေဆက်ခံသူလုပ်အောင် အဲ့အလုပ်တွေကိုမလုပ်နဲ့လို့ ရပ်ခိုင်းပေမဲ့ သူခေါင်းမာစွာနဲ့အိမ်ပေါ်က ဆင်းပြီး
ကိုယ့်ဝါသနာကိုဉီးစားပေးလိုက်သည်။
Alphaတစ်ယောက်ဖြစ်ပေမဲ့ ဘယ်Omegaတွေမှစိတ်မဝင်စား မင်းဂျောင်ဆိုတဲ့Omegaမိန်းကလေးကိုတွေ့ရှိမိတဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲ

1502သည် အရာရာWhere stories live. Discover now