" ဂျောင်ဝန်း ငါမင်းကို စိတ်ကုန်လာပြီနော်! "" ကျွန်တော်မေးတာအရင်ဖြေ ...ကိုကို ဘယ်သူနဲ့အတူရှိနေခဲ့တာလဲ "
အဖြူရောင် ရှပ် အင်္ကျီ တစ်ထည်ကို ကျစ်ကျစ်ဆုပ်ပြီး ဂျယ်ယွန်းရှေ့သို့ မြောက်ပြကာ သူ့၏ တစတစလောင်ကျွမ်းနေတဲ့ ဒေါသတွေကို ထိန်းချုပ်ပြီးမေးတယ်။
ကိုကို သာမဟုတ်ရင် .. အခြားသူသာဆိုရင် ဂျောင်ဝန်း ထိုးသတ်ပစ်လိုက်လောက်ပြီ ဆိုတာ ကိုကိုမသိဘူး
ကိုကို့ကို သူ သိပ်ချစ်မှန်းသိလို့ မထိရက်မှန်းသိလို့ ကိုကိုက သူ့အပေါ် သိပ်ဆိုးနေတာ သူ့အပေါ် လုပ်ချင်သလိုကိုလုပ်နေတော့တာ
" မင်းငါ့ကို ဖောက်ပြန်တယ်လို့ သံသဝင်နေတာလား ယန်းဂျောင်ဝန်း "
ကိုကို့အကြည့်တွေက ခပ်စူးစူးဘဲ သူ့မျက်လုံးတွေကို စိုက်ကြည့်တယ်။ သိပ်ရဲတင်းလိုက်တဲ့ ကိုကို...သူ့ကို အပြစ်ပုံချပြီး ဒေါသထွက်ဖို့ လုပ်နေပြန်ပြီ
ဂျောင်ဝန်း သူ့ပါးစောင်းအားလျှာနှင့် နာနာထိုးပစ်လိုက်တယ်။ သူ့ရဲ့ မျက်နှာပြောင်းလဲမှုကိုတောင် ကိုကို က အရင်ကလို စိတ်ပူမနေတော့ဘူး!
အရင်ကဆို
ညဘက်တစ်ရက်လောက်မအိပ်မိတာနဲ့ နောက်နေ့ ချက်ချင်း သတိထားမိပြီး
' ဂျောင်ဝန်းနော် ညဘက်တွေမအိပ်ပြန်ဘူးလား...မျက်တွင်းတွေတောင်ကျနေပြီ '
လို့ ဆူပူပြောတက်တဲ့သူ
စိတ်အခြေအနေကြောင့် ထမင်းစားမဝင်တဲ့ရက်တွေဆိုလဲ
' ကိုကို့ ဂျောင်ဝန်းလေး မျက်နှာ ချောင်ကျနေပြီ...ထမင်းစားမကောင်းဘူးလား...ဒီတလော '
ပြီးတော့ သူ့ရဲ့ ခေါင်းကို အသာဖွပေးတက်ပြီး
' ကိုကို ဘာချက်ကျွေးရမလဲ '
ပြောကြည့်ဆိုပြီး စိတ်ပူတက်တဲ့သူ
မုတ်ဆိတ်ရိတ်ဖို့ ကို မေ့နေတဲ့အချိန်လဲ ကိုကိုက အရင်ဆုံး သတိထားမိပြီး သူ့ကို စိတ်ရှည်လက်ရှည်နဲ့သန့်ရှင်းပေးပြီး အသားရည်ကိုပါသေချာထိန်းသိမ်းပေးတဲ့သူ
YOU ARE READING
Withered in the Hexagon ✓
Short StoryJungwon x Jaeyun x ? •dissociative identity disorder