တတီတီမြည်နေသော နိုးစက်သံကြောင့် နိုးစက်အား လက်ဖြင့်စမ်းကာ ပိတ်လိုက်လေသည်။
ဒီနေ့က ရှားရှားပါးပါးရတဲ့ နားရက်လေးကို အိပ်ရေးဝအောင် အိပ်မှာပေါ့ ။
ညကလည်း မနက်ဖြန်ပိတ်ရက်ဆိုပြီး အခန်းဖော်နှင့် ၂နာရီလောက်အထိ ဂိမ်းဆော့ထားတာကြောင့် အိပ်ရေးပျက်ရသေးသည်။
ဒီနေ့တော့ အိပ်ရာနိုးသူ ငါ့ရန်သူပဲ ။'ဝှားးး....ဘယ်နှစ်နာရီရှိပြီလဲ ။ '
အိပ်ရာမှပျင်းကြောဆန့်ရင်း နာရီကိုကြည့်လိုက်သည် ။
အခုမှ ၁၀နာရီပဲရှိသေးတာပဲ ။နေပါဦး....ဒီမွှေးနေတဲ့ အနံ့က ဘယ်ကလာတာပါလိမ့် ။
သူလည်း အနံ့ခံရှူကြည့်ရင်း တဖြည်းဖြည်းဖြင့် မီးဖိုချောင်ကို ရောက်သွားလေပြီ ။'နိုးပြီလား....hyung ။ '
'အမေ့'
အနောက်နားမှ တစ်စုံတစ်ယောက်၏ ပွေ့ဖက်မှုကြောင့် sunooမှာလန့်သွားရသည်။'ဟားးဟားးးhyungပုံကိုကြည့်ဦး ။ နေဦး နေဦး ကျွန်တော်ပုံရိုက်ထားဦးမယ် '
'ရားးလွှတ်နော် ။ မရိုက်နဲ့လို့ ။ ငါအခုမှ အိပ်ရာက ထတာ ။ '
သူ့မျက်နှာအား အတင်းကာရင်း မီးဖိုချောင်မှ ထွက်ဖို့ပြင်နေသူနှင့် သူ့လက်တစ်ဖက်အား အတင်းဆွဲထားရင်း ပုံရိုက်ရန်ကြိုးစားနေသော သူ၏ချစ်ရသူniki။'တစ်ပုံပဲလို့....ဒီလောက်ချစ်ဖို့ကောင်းတာကို ။ လာပါကွာ hyungကလည်း ။ ကျွန်တော်က အမှတ်တရသိမ်းထားမို့ကို ။ '
ဒီလိုလေးချစ်ဖို့ကောင်းအောင် ချွဲနေတော့လည်း ဘယ်သူက မာကြောနေနိုင်မှာတဲ့လဲ ။
'ပြီးရော...ပြီးရော တစ်ပုံထဲနော် ။ '
'အင်း ...တစ်ပုံပဲ ။ '
'ရပါပြီဗျာ ။ ကျွန်တော့်ရဲ့hyungက ချစ်ဖို့အကောင်းဆုံးပဲ ။ '
niki ကတော့ ပြုံးလျက် သူ့ဖုန်းကို ကြည့်ကာသဘောကျေနတော့သည်။မတော်တဆ တစ်စုံတစ်ယောက်ကများ သူ့ဖုန်းကိုမြင်ခဲ့ရင် sunoo phone ဟုသာ ထင်ကြမည်မှာ အမှန် ။
သူ့galleryထဲလည်း sunoo ပုံတွေအပြည့်ပင် ။
sunooလည်း ချစ်ရသူအလိုကျ ပုံရိုက်စေပြီးနောက် မျက်နှာသွားသစ်ရန် ရေချိုးခန်းသို့ ထွက်လာခဲ့လိုက်သည်။