ငါးဆယ့္ေလး(U+Z)

1.9K 120 14
                                    

Unicode

အဖြူရောင်ဆေးသုတ်ထားသည့်နံရံပေါ်၌ အစီအရီနေရာယူထားသည့်ဓာတ်ပုံလေးတွေကိုကြည့်နေသည့် မောင့်မျက်နှာ၌ အပြုံးပွင့်တွေဝေဆာနေလေသည်။ဒီဓာတ်ပုံလေးတွေကိုကြည့်ရင်းနဲ့ပင်မျက်ရည်ကဝဲလာပြန်သည်။
မောင်ဟာလေ နုပြောသလိုကလေးတစ်ယောက်လိုပင်။နံရံမှာ ချိတ်ဆွဲထားသည့်ပုံတွေထဲ၌ မြူနှင်းဘွဲ့ယူသည့်ပုံတွေကတော့ မနေ့တနေ့ကမှ ချိတ်ထားခြင်းပင်။နုနဲ့မောင်ရဲ့စုံတွဲပုံလေးရယ်၊
ုမြူနှင်းငယ်ငယ်ကပုံလေးရယ်၊မိသားစုပုံလေးရယ်...။သိပ်ကိုလှပကာ ခမ်းနားပြည့်စုံနေလေသည်။

ကလေးငယ်လေးဘဝကနေ ဒီအခြေအနေထိ ပံ့ပိုးပေးနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပင်မောင်သည်ဂုဏ်ယူမဆုံးဖြစ်နေလေသည်။
မြူနှင်းဘွဲ့ယူတဲ့နေ့...။ထိုနေ့ကတော့ နုနဲ့မောင်အတွက် ဝမ်းသာပီတိဖြစ်ရသည့် နေ့စွဲတစ်ခုဖြစ်ခဲ့လေသည်။ဘွဲ့ဝတ်စုံအပြည့်နဲ့ သမီးကို ငေးခဲ့ရတဲ့အချိန်၌ မောင်နဲ့နု ဝမ်းသာလွန်း၍မျက်ရည်များပင်ကျခဲ့သေးသည်။အခုတော့ မောင်နဲ့နုရဲ့သမီးလေးဟာ အင်ဂျင်နီယာတစ်ယောက်တောင် ဖြစ်နေလေပြီ။အချိန်တွေမြန်ဆန်ခဲ့ပုံများ...။သို့သော်လည်း မောင့်အတွက်တော့ လူသားနှစ်ယောက်နဲ့အမှတ်တရတွေကိုဖန်တီးခွင့်ရခဲ့သည်မို့ ကုန်လွန်ခဲ့တဲ့နေ့စွဲတွေဟာ အဓိပ္ပါယ်ရှိခဲ့လေသည်။

"မောင် ဒီမှာအားဆေး"

ဆံနွယ်နက်နက်တွေကြားထဲ၌ ဆံနွယ်ဖြူဖြူလေးတွေပင် ဖြစ်တည်နေတဲ့ အရွယ်တွေပင်ရောက်လို့နေလေပြီ။ပါးရေလေးတွေမဆိုစလောက်တွန့်နေတဲ့ နုမျက်နှာသည် မောင့်အတွက်တော့ အမြဲလှပကာ နုပျိုနေဆဲပင်။
မောင့်အချစ်တွေကြောင့် နုသည် နုပျိုကာ အရွယ်တင်နေတုန်းပင်။မောင်နဲ့စတွေ့တုန်းကလိုလေးဆယ်အရွယ်မိန်းမတစ်ယောက်
ထက်တော့အနည်းငယ်သာ ပြောင်းလဲခဲ့သည်။

"အန်တီရော သောက်ပြီးပြီလား"

"တို့မသောက်လို့ဖြစ်မလားမောင်ရဲ့"

"မသောက်လည်း မောင့်ကိုနမ်းရင်အားရှိမှာပါအန်တီရဲ့"

"မောင် ပေါက်ကရတွေကွယ်။တို့အသက်ဖြင့် မငယ်တော့ဘူး"

"မောင့်ကြင်နာသူ"Where stories live. Discover now