IV

465 90 16
                                        

မျက်လုံးပေါ်ပိတ်စည်းထားသော ပုဝါစအားဖြည်ချခံလိုက်ရပြီးနောက် နောက်ကျိကျိဖြစ်နေသောအမြင်အာရုံသည် စူးရှသောအလင်းရောင်တို့နှင့် မိတ်ဆက်ခြင်းခံလိုက်ရသည်။

ဆူညံမြူးကြွစွာ တီးခတ်နေသော နရီမကျတကျ ဗုံတီးသံများသည် စိတ်အစဉ်ကို နူးညံ့ခြင်းအလျင်းမရှိ ရိုက်ခတ်သည်။

မွှေးသော အီသော ရစ်ထနေသည့် အမွှေးနံ့များကြောင့် ဉီးခေါင်းထဲ လေးလံထုံထှိုင်းသလို ခံစားလာရသည်။

ပခုံးနှင့်တံကောက်ကွေးမှထိန်းကာ ပွေ့ချီခြင်းခံထားရသော သူ့ခန္ဓာကိုယ်သည် ထိုအရာများနှင့်ထိတွေ့ရန် တံခါးတစ်ချက်သာခြားနေသည်။

မျက်စိရှေ့တွင် မြင်တွေ့နေရသော ကြေးညိုရောင်တံခါးကြီးကို သန်မာကျယ်ပြန့်သော လက်ဖဝါးပြင်တစ်ခုက တွန်းဖွင့်လိုက်သည်။

စူးရှသောအလင်းရောင်က မျက်နှာပေါ်သို့ ပိုမိုဖြန့်ကျက်ရောက်ရှိလာသည်။

ဆော့ဂျင်သည် အလင်းစူးစူးထံမှ ကာကွယ်ရန် လက်ဖဝါးပြင်အား မျက်နှာရှေ့ကာလိုက်မိသည်။

ခေတ္တတိတ်ဆိတ်သွားသော အသံများကြောင့် လက်ကလေးတွေကို အသာလှပ်ကြည့်လိုက်သည့်အခါ အနက်ရောင်နံရံဆေးပန်းချီတွေနဲ့ အလှဆင်ထားသော ခန်းမကြီးထဲတွင် သောက်စားမူးယစ်ကခုန်နေကြသော အဝတ်စလစ်နှင့်လူများ..။

ဆော့ဂျင်မျက်နှာတစ်ပြင်လုံး ပူထူသွားသလို ထိုအရာများထံမှ ခက်မြန်မြန်အကြည့်လွှဲမိသည့်အခါ အေးစက်ရီဝေသော မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းစုံမိလေသည်။

ခန္ဓာကိုယ်အသားပေးဝတ်စုံများနှင့် အဝတ်စလစ်လူသားများ..။

မဟုတ်ဘူး..။ သူတို့ကလူတွေမှဟုတ်ရဲ့လား..။

မျက်ဆံနီနီများနှင့် ဖြူစုပ်စုပ်အသားအရည်တွေက လူသားတစ်ယောက်၏ အသွင်အပြင်နှင့် လားလားမျှ တူညီမှုရှိမနေ..။

သူ့ကိုကြည့်နေသော ထိုမျက်ဆံနီများသည် သားကောင်ကို ချောင်းမြောင်းသတ်ဖြတ်စားသောက်ရန် ကြံစည်နေသော သားရဲတရိစ္ဆာန်တွေလိုမျိုး..။

The Castle Of WizardDonde viven las historias. Descúbrelo ahora