ကျေးဇူးပါ...မောင့်သက်ညှာ ၁

24 0 0
                                    

Hello 👋skyပြန်လာပါပြီ ပထမဆုံးအနေနဲ့တောင်းပန်ချင်တာက အရင်က အပိုင်း၂ထိပဲထွက်လိုက်တဲ့ အစ်ကိုချစ်သောပုဂံမြေficလေးကို ရက်အကန့်အသတ်မဲ့ရပ်ဆိုင်းလိုက်ပါပြီနော်

အခုficလေးက ချိုချိုအေးအေးလေးနဲ့ကြည်နူးမှုရအောင် ရေးသွားမှာပါနော် ....အဟမ်း
အဓိကကို အခုပြောမှရမယ် ဟိုလိုဟိုလိုအခန်းတွေမပါပါဘူးနော် တော်ရုံပဲချိုကြပေါ့ရှင်😏
တက္ကသိုလ်က ကိုယ်မတတ်ဖူးသေးပဲ သူများပြောတာ နားထောင်ထားရတော့ အမှားပါရင် အားမနာတမ်းထောက်ပြပါရှင်...မမနှင်းခဲပြောသလို ဓားနဲ့တော့မထောက်နဲ့ပေါ့ရှင်🫠

ဝသန်ဦး+နွေဦးပန်းချီ

ဝသန်ဦး
အသက် 20
12.10.1988
အရပ်6ပေ3လက်မ

နွေဦးပန်းချီ
အသက် 21
20.5.1987
အရပ် 5ပေ10လက်မ

.........................

"ချစ်ရတဲ့သူရေ...မျက်လုံးလေးများဝေ့ကာ ခေါ်နေတာကိုလှည့်ကြည့်ပါအုံး...
နှလုံးသားနှင့် ယှဉ်ကာ ဖွဲ့နွဲ့လို့ မပြောချင်..
ဟန်ဆောင်ကာလေ မမုန်းလိုက်နဲ့ဦး...

ကိုယ်ဟာလေ ရိုးသားလွန်းအားကြီးတော့
ကြင်နာသူပြောသမျှအားလုံးအဟုတ်ထင်
ကျီစယ်ကာပြောလို့ပြောမှန်းလည်းမသိလိုက်ဘူးကွယ်.."

"တောက်...ဒီခွေးသားကတော့"

ယောက်ျားလေးအဆောင်ရှေ့တွင် ဂစ်တာတစ်လက်ဖြင့် ဟန်ပါပါ သီချင်းဆိုနေသူများအဖွဲ့ကို အဆောင်မှူးကြီးဦးဘသောင်း မေတ္တာပို့နေသည်။
ဦးဘသောင်းအဆိုးလည်းမဟုတ်ပေ ဝသန်ဦးတို့အဖွဲ့ ဒီလိုလူပျိုလာလှည့်တာ တစ်ပတ်ကျော်နေပြီ
စည်းကမ်းထိန်းသိမ်းရေးမှူးဆီသွားတော့

"မောင့်နွေဦးကို ချစ်လို့ပါ" တဲ့။

အဆောင်သားတွေကတော့ နွေဦးကို လိုက်စလို့မပြီး။ ဒီကောင်တွေတော့ ဒဏ်ငွေဆောင်လိုက်ရတယ် ။ ဒဏ်ငွေဆောင်ရလို့လည်းမမှတ်ပါ။

‌ဒါ့ကြောင့်နွေဦးလည်း ယောက်ျားတန်မဲ့ အခြားယောက်ျားရင့်မာကြီးက လာပိုးတာကို သည်းမခံနိုင်တော့ ပြတင်ပေါက်ကိုထွက်ကြည့်လိုက်တယ်။

"ဟိတ်ကောင်.. ဝသန်ဦးရေ ဟိုမှာ ထွက်ကြည့်ပြီ "

မင်းအောင်စကားကြောင့် ဝသန်ဦး ပြတင်းပေါက်ရှိရာသို့ ကြည့်လိုက်တယ် ။မြင်လိုက်ရတာက
ဟုတ်တယ် မောင့်ရဲ့နွေဦးလေး..မျက်ခုံးတန်းလေးကို ကြုံ့ကာ စိုက်ကြည့်နေတယ်

ကျေးဇူးပါ...မောင့်သက်ညှာWhere stories live. Discover now