Hello 👋skyပြန်လာပါပြီ ပထမဆုံးအနေနဲ့တောင်းပန်ချင်တာက အရင်က အပိုင်း၂ထိပဲထွက်လိုက်တဲ့ အစ်ကိုချစ်သောပုဂံမြေficလေးကို ရက်အကန့်အသတ်မဲ့ရပ်ဆိုင်းလိုက်ပါပြီနော်
အခုficလေးက ချိုချိုအေးအေးလေးနဲ့ကြည်နူးမှုရအောင် ရေးသွားမှာပါနော် ....အဟမ်း
အဓိကကို အခုပြောမှရမယ် ဟိုလိုဟိုလိုအခန်းတွေမပါပါဘူးနော် တော်ရုံပဲချိုကြပေါ့ရှင်😏
တက္ကသိုလ်က ကိုယ်မတတ်ဖူးသေးပဲ သူများပြောတာ နားထောင်ထားရတော့ အမှားပါရင် အားမနာတမ်းထောက်ပြပါရှင်...မမနှင်းခဲပြောသလို ဓားနဲ့တော့မထောက်နဲ့ပေါ့ရှင်🫠ဝသန်ဦး+နွေဦးပန်းချီ
ဝသန်ဦး
အသက် 20
12.10.1988
အရပ်6ပေ3လက်မနွေဦးပန်းချီ
အသက် 21
20.5.1987
အရပ် 5ပေ10လက်မ.........................
"ချစ်ရတဲ့သူရေ...မျက်လုံးလေးများဝေ့ကာ ခေါ်နေတာကိုလှည့်ကြည့်ပါအုံး...
နှလုံးသားနှင့် ယှဉ်ကာ ဖွဲ့နွဲ့လို့ မပြောချင်..
ဟန်ဆောင်ကာလေ မမုန်းလိုက်နဲ့ဦး...ကိုယ်ဟာလေ ရိုးသားလွန်းအားကြီးတော့
ကြင်နာသူပြောသမျှအားလုံးအဟုတ်ထင်
ကျီစယ်ကာပြောလို့ပြောမှန်းလည်းမသိလိုက်ဘူးကွယ်..""တောက်...ဒီခွေးသားကတော့"
ယောက်ျားလေးအဆောင်ရှေ့တွင် ဂစ်တာတစ်လက်ဖြင့် ဟန်ပါပါ သီချင်းဆိုနေသူများအဖွဲ့ကို အဆောင်မှူးကြီးဦးဘသောင်း မေတ္တာပို့နေသည်။
ဦးဘသောင်းအဆိုးလည်းမဟုတ်ပေ ဝသန်ဦးတို့အဖွဲ့ ဒီလိုလူပျိုလာလှည့်တာ တစ်ပတ်ကျော်နေပြီ
စည်းကမ်းထိန်းသိမ်းရေးမှူးဆီသွားတော့"မောင့်နွေဦးကို ချစ်လို့ပါ" တဲ့။
အဆောင်သားတွေကတော့ နွေဦးကို လိုက်စလို့မပြီး။ ဒီကောင်တွေတော့ ဒဏ်ငွေဆောင်လိုက်ရတယ် ။ ဒဏ်ငွေဆောင်ရလို့လည်းမမှတ်ပါ။
ဒါ့ကြောင့်နွေဦးလည်း ယောက်ျားတန်မဲ့ အခြားယောက်ျားရင့်မာကြီးက လာပိုးတာကို သည်းမခံနိုင်တော့ ပြတင်ပေါက်ကိုထွက်ကြည့်လိုက်တယ်။
"ဟိတ်ကောင်.. ဝသန်ဦးရေ ဟိုမှာ ထွက်ကြည့်ပြီ "
မင်းအောင်စကားကြောင့် ဝသန်ဦး ပြတင်းပေါက်ရှိရာသို့ ကြည့်လိုက်တယ် ။မြင်လိုက်ရတာက
ဟုတ်တယ် မောင့်ရဲ့နွေဦးလေး..မျက်ခုံးတန်းလေးကို ကြုံ့ကာ စိုက်ကြည့်နေတယ်
YOU ARE READING
ကျေးဇူးပါ...မောင့်သက်ညှာ
Poesía"အဝါရောင်ဆိုတာ ပျော်ရွှင်ခြင်းလို တစ်ယောက်သောသူပြောဖူးတယ်...အဲ့ဒီလူရှိတဲ့ပုဂံမြေကို တာဝန်ကျတယ်။ မောင်မရှိတဲ့ပုဂံမြေက အဝါရောင်သပြေဘူတပန်းလေးတွေက ကျွန်တော့်ကို လှောင်နေသလိုပဲ" "မောင့်ကိုချစ်ပေးလို့ကျေးဇူးပါ..မောင့်သက်ညှာ"