" မင်းကိုငါ့ရည်းစားနဲ့မပတ်သက်ပါနဲ့လို့ဘယ်နှခါပြောရမလဲ "
" ခင်ဗျားရည်းစားလေ မိန်းမမှမဟုတ်တာ ကျုပ်ကတော့လာပတ်သက်နေဦးမှာပဲ ပြီးတော့ခင်ဗျားမှာမပါတာကျုပ်မှာပါတယ်လေ အချိန်တန်ရင်ကျုပ်ဆီရောက်လာမှာပဲနားလည်လား "
" အဟက် ယွန်းအိမ်ဆိုတာ ဘယ်သူ့အပိုင်လဲပြရသေးတာပေါ့ "
" ဘေဘီ "
" ဟို ဘေဘီရှင်းပြ "
" အခုချက်ချင်းကားပေါ်ကိုတက် "
ဟိန်းထွက်လာသောအသံကြောင့်ယွန်းခေါင်းညိမ့်ကာ ကားပေါ်သို့တက်လိုက်သည်။အိမ်ကိုပြန်လာသည့်လမ်းတစ်လျှောက်တွင်လည်းကိုယ့်အပြစ်နဲ့ကိုယ်မလို့ မမမျက်နှာအားစေ့စေ့မကြည့်ရဲပေ။မမသဝန်တိုလျှင်ဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်ဆိုတာသိသိကြီးနှင့်သူမကြိုက်တာကိုမှလုပ်မိလေသည်။စိတ်ထဲတွင်ဘုရားတနေပေမယ့်သိကြားမင်းဆင်းကယ်လျှင်တောင်မရနိုင်မှန်းသိလေသည်။အိမ်သို့ရောက်သော် .......
" ကြီးဝင်းရေ ကြီးဝင်း "
" လာပြီလာပြီ ဘာဖြစ်လို့လဲ သမီး "
" ဒီနေ့ကြီးဝင်းနားလိုက်တော့နော်။မနက်ဖြန်ကျမှပဲပြန်လာခဲ့တော့ ဒီမှာကလေးတွေစားဖို့မုန့်ဖိုးယူသွားဦးနော်ကြီးဝင်း "
" အေးအေးသမီး အဲ့တာဆိုကြီးဝင်းလုပ်နေတာလေးလက်စသက်ပြီးပြန်လိုက်တော့မယ် "
" ဟုတ်ဟုတ် သမီး မောင်အေးကိုပြောထားတယ်။သူပြန်လိုက်ပို့ပေးလိမ့်မယ် "
ကြီးဝင်းအားအိမ်ပြန်လွှတ်လိုက်သောကြောင့်ခါတိုင်းထက်ပိုဆိုးမည်ဆိုတာယွန်းရိပ်မိလိုက်သည်။
"ဘာရပ်ကြည့်နေတာလဲ ကိုယ့်အပြစ်ကိုယ်သိတယ်မလား၊၊အခန်းထဲကိုသွားနှင့်လိုက်ခဲ့မယ် "
" ဟုတ် "
ယွန်းတစ်ယောက်ဟုတ်တစ်လုံးသာပြန်ဖြေနိုင်တော့သည်။
" အဲ့တာဘာလုပ်နေတာလဲ အခုချိန်မချွတ်ရသေးဘူးလား "
ဟိန်းထွက်လာသောမမအသံကြောင့်ယွန်းကိုယ်လေးပင်တုန်တက်သွားတော့သည်။လှည့်ကြည့်လိုက်တော့မမလက်ထဲတွင်ခါးပတ်ကိုကိုင်ထားလေသည်။