...
Paris က အနုပညာမှာ ပထမတန်းစားတဲ့။
Champs élysées လမ်းပေါ်ကနေ Arc de Triomphe ထိ လမ်းလျှောက်ရင်း နာမည်ကြီးတံဆိပ်တွေကို ငေးကြည့်ရတာကလည်း သိပ်ကိုအရသာရှိသည်တဲ့လေ။ ။
ထိုအရာတွေအကုန်လုံးက အပြောပဲရှိတာမဟုတ်ကြောင်း တကယ်ရောက်လာတဲ့အချိန်မှာ Brian ကိုယ်တိုင်လည်း ခံစားလိုက်ရသည်။ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူကြီးလူငယ်တွေကလည်း ခေါင်းအစခြေအဆုံး brand တွေအပြည့် ဝတ်ဆင်ထားပြီး အလွန်ပင် Fashion ကျလွန်းကြသည်။
Brian က ကင်မရာတစ်လုံးနဲ့ ထိုအလှအပတွေကို မှတ်တမ်းတင်နေတုန်း လှလှပပပဲ focus အဖြစ်ဝင်လာတဲ့ ဆံပင်ပန်းရောင်ဖျော့ဖျော့နဲ့ကောင်လေး။ ထိုအလှတရားလေးကို အမှတ်တရသိမ်းထားချင်စိတ်ပါဖြစ်မိတာမို့ Brian က အမိအရပင် ဓာတ်ပုံရိုက်ယူထားလိုက်မိသည်။
ဒါကို သတိထားမိပုံရသွားတဲ့ကောင်လေးက Brian အနားရောက်လာသည်။
"Hey , Ça ne se fait pas de prendre des photos sans demander la permission"
( Hey , ခွင့်မတောင်းပဲ ဓာတ်ပုံရိုက်တာက သိပ်ကိုရိုင်းတယ် ။ )
ထွက်ပေါ်လာတဲ့ ဆူအောင့်အောင့် ပြင်သစ်စကားသံကြောင့် Brian က သူခိုးလူမိသွားသလို ခံစားချက်နဲ့ အယောင်ယောင်အမှားမှားဖြစ်ကာ မိခင်ဘာသာစကားကို သုံးနှုန်းမိတော့သည်။
"ကိုယ် မရည်ရွယ်...အာ sorry!!"
"မဟုတ်မှ ကိုရီးယားလူမျိုး?"
တစ်ဖက်ကကောင်လေးရဲ့ ကိုရီးယားသံ ခပ်ဝဲဝဲ။
"အာ ဟုတ်ပါတယ် ။ ဒီဘက်ကရော ကိုရီယားလူမျိုးပဲလား?"
Brian ကအလျင်အမြန်ပင် အဖြေပေးမိသည်။
"ကိုရီယား-ကနေဒါကပြားပါ ဒါပေမဲ့ ကျွန်တော် ကိုရီးယားစကားလည်း ကောင်းကောင်းပြောတတ်ပါတယ်။ "
"အာ..ခုနက ကိုယ်မရည်ရွယ်ပါဘူး။ camera focus ထဲကို မင်းက လှလှလေးဝင်လာလို့ ကိုယ်က မှတ်တမ်းတင်လိုက်မိတာပါ"
"အင်း ရပါတယ်။ ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း ဒီအတိုင်းပဲ ပြောလိုက်တာမို့ စိတ်ထဲသိပ်မထားပါနဲ့။ ဒါဆို ကျွန်တော်ကို သွားခွင့်ပြုပါအုန်း"