အပိုင်း ၁၁
ဖုန်းတစ်ဖက်ရှိ ဟော်ချန်းက သူ့စကားများကို ကြားသွားမှန်း စုရန်ချာ မသိပေ ၊ စုဝမ်မျက်နှာ အနည်းငယ်ပြောင်းသွားသည်ကိုတွေ့တော့ စုဝမ်၏ ဒဏ်ရာကို သူတည့်တည့်နင်းလိုက်နိုင်ပြီဟုတွေးရင်း ရွှင်မြူးစွာ ပြုံးလိုက်သည် ။
တစ်မိသားစုလုံးသည် သိပ်မကြာခင် စုဝမ်နှင့် ဟော်ချန်းတို့ ကွာရှင်းတော့မည်ဟုသာ တထစ်ချတွေးထားလေသည် ။
ထိုအချိန်ရောက်လာခဲ့ပါက စုဝမ်က အသက်ရှင်ဖို့ သူ့ကိုအားကိုးလာရမှာပဲလေ မဟုတ်ဘူးလား?
ထိုသို့တွေးရင်း စုရန်ချာမျက်နှာအရောင်က ပိုသိသာထင်ရှားလာခဲ့သည် ။
ဘဝတွင် မည်သူကိုမျှ မဆူငေါက်ဖူးသော စုဝမ်သည် ပထမဆုံးအကြိမ်အနေဖြင့် မေ့လဲအောင် လူရိုက်ချင်စိတ်များ ပြင်းပြလာမိတော့သည် ၊ စုပါပါးနဲ့ စုမာမားတို့က စုရန်ချာကို အမြဲတမ်း သူတို့ရဲ့ဂုဏ်ယူရာလေးအဖြစ် သတ်မှတ်ထားကြတာမဟုတ်ဘူးလား? ဒါက စုမိသားစုရဲ့ ဂုဏ်ယူရာလေးလား?
စုဝမ်က အမူအရာကင်းမဲ့လျက် "နင်လူစကားမပြောတတ်ရင် ပါးစပ်ပိတ်ထား!"
စုရန်ချာက အံ့ဩသွားသည် ၊ ကိုယ့်ကိုယ့်ကိုယ် ဂျုံမှုန့်ညက်ကဲ့သို့ လုံးဝန်းပြားကပ်နေအောင် မတုံ့ပြန်ဘဲ တောက်လျှောက်နေထိုင်လာခဲ့သော စုဝမ်က ဤကဲ့သို့ပြန်ပြောတတ်ဖို့သင်ယူလာလိမ့်မည်ဟု မတွေးမိခဲ့ ၊
သူပါးစပ်ဖွင့်လိုက်သည့် အချိန်မှာပဲ ကင်မရာသမားက သူတို့ဘက်သို့ လျှောက်လာနေသည် ၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များရှေ့ တစ်ခွန်းမဟလိုက်သည့်တိုင် ဤကိစ္စကိုတော့ သူ့စိတ်ထဲ တေးမှတ်ထားလိုက်တော့သည် ။
စုရန်ချာ ထွက်သွားပြီးနောက် စုဝမ်၏ ဖုန်းကိုင်ထားသောလက်မှာ အနည်းငယ်တုန်သွားသည် ၊ သူ့၌ ဖုန်းချဖို့အချိန်မရှိလိုက်သောကြောင့် ဟော်ချန်းအနေနှင့် သူ့ဟာသူ ချနှင့်ပြီးဖြစ်သင့်သည် ၊ အကြောင်းမှာ ဟော်ချန်းအတွက် မိနစ်တိုင်း စက္ကန့်တိုင်းက တန်ဖိုးရှိလှသည်မဟုတ်ပါလား ၊ အဘယ်မှာ သူ့ကြောင့်နှင့် လွယ်လင့်တကူ ဖြုန်းတီးပစ်မှာလဲ?
YOU ARE READING
ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝ
Randomဒီနိုဗယ်မှာတော့ မျက်နှာဖြတ်ရိုက်တာတွေကို အားရပါးရကြည့်ရမဲ့အပြင် အတွဲတစ်တွဲ၏ ခွေးစာတို့ကို တနင့်တပိုးစားရပါမယ်ရှင့် 😍😍