Chapter 25

344 21 4
                                    

~လုပ်ရဲသော~

နောက်ဆုံးမှာတော့ Wan Vivaမှာ ငါနဲ့အပြင်ထွက်ဖို့အတွက် နားလပ်ရက်ရလာခဲ့ပြီဖြစ်တယ်.. သေးငယ်တဲ့ကောင်မလေးက ငါရွေးချယ်ထားတဲ့ ခေါင်မိုးထပ်က စားသောက်ဆိုင်နဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားနေတယ်.. သူမက ငါလမ်းဘေးဆိုင် ဒါမှမဟုတ် ကျပန်းတစ်နေရာကို ခေါ်သွားလိမ့်မယ်လို့ ထင်ထားတာဖြစ်မယ်..

"ဒါကတအား လှပတာဘဲ"

Wan Vivaက ဘေးပတ်လည်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေတယ်..

"အမြဲတမ်းလိုလို နင့်မှာအမြင်ရှိတယ်.. ဒါက တအားဈေးကြီးလောက်တယ်.. ငါနင့်ကို ကူရှင်းပေးပါမယ်"

"ငါနင့်ကို ဖိတ်ထားတာလေ.. ကူပြီးရှင်းပေးစရာ မလိုပါဘူး.. နင်စိတ်လှုပ်ရှားနေပုံဘဲ.. ဒီလို ကောင်းမွန်တဲ့နေရာတွေကို မလည်ဖူးဘူးလား?"

"ငါကောင်းတဲ့နေရာ တော်တော်များများကို ရောက်ခဲ့ဖူးပေမယ့် ငါသွားချင်တဲ့သူနဲ့ဘယ်တုန်းကမှ မသွားဖူးဘူး"

သူမ ဘယ်သူ့ကို ရည်ရွယ်ပြီးပြောတာလဲဆိုတာ ခန့်မှန်းဖို့အရမ်း ခက်ခဲလွန်းတယ်.. ငါနေရခက်စွာ ပြုံးလိုက်တယ်.. သေးငယ်တဲ့ကောင်မလေးက သူမ မတွေ့ချင်တဲ့သူကို မကြာခင်တွေ့တဲ့အခါမှာ စိတ်ဆိုးလောက်တယ်..

"Eakအပေါ်မှာ မရက်စက်ပါနဲ့"

"နင်ဘာလို့ သူ့အကြောင်းပြောလာတာလဲ?"

"သူက နင့်ရဲ့ယောကျ်ားလေ"

"သူကဖြစ်ခဲ့တာပါ"

Wan Vivaပြန်ပြောတယ်..

"သူ့အကြောင်း မပြောနဲ့.. ငါအဲ့တာကို မကြားချင်ဘူး"

"Wan... နင်တကယ်လို့ သူနဲ့ လမ်းခွဲချင်ရင် ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုတယ်"

"ဘယ်တုန်းက ငါမရှင်းလင်းခဲ့လို့လဲ? ငါအမြဲတမ်းသူ့ကိုပြောတယ် ငါသူနဲ့ လမ်းခွဲချင်တယ်လို့.. ငါတော့ သူကသာ မရှင်းလင်းနေတဲ့သူဘဲလို့လေ"

Wan Vivaက နှုတ်ခမ်းစူပြီး သူမရဲ့လက်နှစ်ဖက်ကို ရင်ဘတ်မှာ ပိုက်လိုက်တယ်..

"ဒါကို တော်လိုက်ရအောင်.. ငါစိတ်ကောင်းဝင်နေတယ်"

"နင်ပိုပြီးတော့တောင် ဒေါသထွက်ရလိမ့်မယ်"

𝓐𝓯𝓯𝓪𝓲𝓻 [မြန်မာဘာသာပြန်]Where stories live. Discover now