"မငိုပါနဲ့တော့ ကလေးရယ်။
"အဟင့်..အင့် အခု..အခုဆိုရင် ပျိုတို့ဘဝထဲက သမီးလေးပျောက်သွားတာ 5နှစ်ပြည့်ပြီးနော် သမီးလေးအသက်ရှင်ရဲ့လား တခြားလူရဲ့လက်ထဲမှာဘယ်လိုများနေမလဲ မသိဘူး...
"ကိုယ်စုံစမ်းပေးနေတယ် သမီးလေးပျောက်သွားတာ ကလေးရဲ့ညီမနဲ့ လုံးဝသက်ဆိုင်နေတယ်ထင်တယ်
"မဖြစ်နိုင်တာ ပျို့ညီမကအဲ့လိုလူစားမျိုးမဟုတ်တာ လူကြီးလဲ သိပါတယ်
"ကိုယ်သိတယ်လေ ကိုယ်သိလို့ အခုလိုပြောနေတာလေ ကလေးလဲ သိသင့်တယ် ဘယ်အရာမဆို ကလေးစိတ်လိုမရိုးရှင်းဘူး
တေဇမင်းမောင်ပြောတာကို ကျူးလစ်ပျို လက်မခံ သူမသိတာက နဲနဲလေး
"ပျိုညီမလေးက..
"နေတော့ ကိုယ့်ကလေးစိတ်ညစ်နေမယ် ဘာမှမတွေးနဲ့
ကျူးလစ်ပျိုရဲ့သမီးလေးက ပျောက်သွားတာ 5နှစ်တောင်ရှိပြီးဖစ်သည် အခုဆို သူမတို့မှာ စောတေဇနဲ့ မင်းတေဇတို့သားနှစ်ယောက်သာ ကျန်ခဲ့သည် ကျူးလစ်ပျိုကတော့ အချိန်တိုင်း သတိရတဲ့ မျက်ရည်နဲ့မျက်ခွက်
💚💚💚💚💚💚💚
ပဲခူးမြို့တစ်နေရာမှ မိဘမဲ့ဂေယာ..
"ငါ့ ကိုကို ကို အနိုင်မကျင့်နဲ့ဖယ်စမ်း ။
"ဟားဟားဟား ချီးကြောက်တွေ ... ဝိုင်းရိုက်ကြသူတို့နှစ်ယောက်ကို
"မရိုက်နဲ့ဖယ်စမ်း နင်တို့ကိုမေမေလေးနဲ့တိုင်ပစ်မှာနော်..
10နှစ်အရွယ် ဆံပင်အညိုရောင်ကောက်ကောက်နဲ့ကောင်မလေး အသားဖြူပြီး မျက်လုံးကအညိုရောင်လေးသန်းနေတာကြောင့် အတော်လေးချစ်ဖို့ကောင်းသလိုအရမ်းလဲစွာသည်
"ငယ်, ဖယ် ကိုကိုရှင်းမယ်
"မရဘူး ဒီလူဆိုးကောင်တွေကို မေမေလေးနဲ့တိုင်ပစ်မယ်
အညိုရောင်ဆံပင်လေးကာကွယ်ပေးနေတဲ့ကောင်လေးကတော့ အဖေကSwiss, အမေက မြန်မာ, ကောင်လေးကတော့ အသားဖြူဖြူ မျက်လုံးအပြာလေးနဲ့ အသက်အားဖြင့်13နှစ်ခန့်ရှိသည် သူမတို့နှစ်ယောက်က အကြောင်းကြောင်းကြောင့် ထိုမိဘမဲ့ဂေယာမှာ ရောက်လာခဲ့ပေမဲ့ စစတွေ့ချင်း သံယောဇဥ်တွေတွယ်သွားကြသည် အခုဆိုရင် သူမတို့နှစ်ယောက် သံယောဇဥ်တွေ က အတော်လေးနက်ရှိုင်းနေပြီး ကောင်လေးက တခြားကလေးတွေနဲ့မတူပဲ မျက်လုံးအပြာလေးဖစ်နေတာကြောင့် စုန်းမရဲ့သားဆိုပြီး အမြဲလိုလို နှိမ်ခံရသည် ဂေယာကဆရာမပြောလဲ ခဏပဲ နောက်ကျရင်အရင်တိုင်း နှိပ်စက်မြဲနှိပ်စက်ကြသည် ထိုကလေးတွေထဲမှာ15နှစ်အရွယ်ဝင်းအောင်ဆိုတဲ့ ကလေးက ဂေယာရဲ့ကလေးတွေအားလုံးကိုအနိုင်ကျင့်လေ့ရှိသည် ကလေးတွေအားလုံးကလဲ သူသေဆိုရှင်ဆိုရှင်သာပဲ အကောင်ကြီးသလို ဝလဲတာကြောင့်ဂေယာမှာသူကဆရာကြီး

YOU ARE READING
I'm a Gangster's wife Or Dear pupy love
Romantikaဇေး=အဖြူရောင်နှင်းပွင့်လေးတွေရယ် Maple Leafလေးတွေရယ် နဲ့ ဆံပင်အညိုရောင်နဲ့ကောင်မလေးရယ် ရှိရင် ကိုကို့ ဘဝ ပြည့်စုံပါပြီး Tulipငယ်လေးရယ် မေကျူးလစ်( or) ငယ် =ငါ့အပိုင်ကိုနဲနဲလေးတောင်မထိနဲ့ သူများတွေလိုတော့ရရင်ယူသွားလို့မပြောဘူး sခွက်ကို အချက်50လောက်ဖြတ...