မိတ်ဆက်နှင့်ရှင်းပြချက်

2 0 0
                                    

Unicode

၁၉၃၀ ပြည့်နှစ်
ပုပ္ပားတောင်အနီး ပန်းနွယ်ရုံအမည်ရှိသော မြို့ငယ်လေးတွင် မြို့အုပ်မင်း ဦးသာနိုင်ဦးချစ်အိမ်၌ နံနက် ၅.၀၀တွင်  လူများအုပ်အုပ်ကျက်နေပြီး ဆူညံနေလျက်ရှိ၏။ ဦးသာနိုင်သည်လည်း အခန်းတစ်ခုရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ ဦးသာနိုင်သည်လည်း အခန်းတစ်ခုရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။လူတွေအားလုံးဟာ အခန်းထဲမှာရှိသော မြို့အုပ်မင်းကတော်
တေးနန်းကလျာ၏ ကလေးမွေးခြင်းကို အောင်မြင်စွာ ပြီးဆုံးဖို့ ဆုတောင်းနေကြသည်။ဖခင်ဖြစ်သော ဦးသာနိုင်ရဲ့ မိဘတွေဖြစ်တဲ့  ဦးချစ်သာ နဲ့ ဒေါ် ဒေဝီနိုင် တို့ဟာလည်း သူတို့ရဲ့မြေးဦးလေးကို အကောင်းဆုံးမွေးဖွားနိုင်ရန် ဘုရားစာများ ရွတ်ဆိုနေကြသည်။

"မွေးပြီတော် မွေးပြီ သမီးလေးဟေ့"

အူဝဲ အူဝဲ
ကလေးကို ဝမ်းဆွဲသည်ဟာ ချီပွေ့လာပြီး မြို့အုပ်မင်းလက်ထဲသို့ အပ်နှံပေးသည်။
လူအားလုံးဟာ သားလေးမွေးမယ်ထင်ခဲ့ပေမဲ့ မိန်းကလေးတစ်ယောက်ဆိုတော့ အနည်းငယ် စိတ်ပျက်သွားသည်။ ထိုထဲတွင် မြို့အုပ်မင်းနှင့် သူ့မိန်းမ၊မြို့အုပ်မင်း၏ မိဘတို့တော့ မပါ။ထိုအချိန်တွင် ရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဟာ ရောက်ရှိလာကာ ကလေးကိုကြည့်၍
"ဒီကလေးမလေးဟာ လှပပြီးထက်မြက်တဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်လာမှာမို့ သေချာပြုစု စောင့်ရှောက်ပါ ဒကာကြီး၊မိန်းမမြတ်လေး‌တစ်ယောက်ဖြစ်အောင်၊အမှားအမှန်ကိုခွဲခြား ဆင်ခြင်နိုင်အောင် ဒီဘုန်းဘုန်းကိုယ်တိုင် သင်ကြားပေးမယ်၊ဘယ်အချိန်မှာ မွေးဖွားခဲ့ဝာာလဲ ဒကာကြီး။"
"မနက် ၅.၄၅ တိတိမှာပါ ဘုန်းဘုန်း"
"‌အင်း.......၊ မနက် ၅.၄၅ တိတိ အင်္ဂါနေ့မှာ မွေးဖွားခဲ့တဲ့ ဒီကလေးမလေးကို နန်းတေးတိမ်သာ လို့အမည်ပေးလိုက်ပါ ဒကာကြီး။"
"နန်းတေးတိမ်သာ  သိပ်ကိုလှပပြီး မြင့်မြတ်တဲ့နာမည် တစ်ခုပါဘဲ ဘုရား" ဟု ဦးချစ်သာဟာ ပြောသည်။
လူတွေအားလုံးဟာလည်း သူတို့လေးစားကြည်ညိုသော ဘုန်းဘုန်း၏ဟောကြားချက်ကြောင့် မိန်းကလေးမွေးတာကို အနည်းငယ် အားတက်သွားတော့သည်။
လူတွေဟာ ဒီလိုပါဘဲ
လောကမှာရှိတဲ့ လူတိုင်းလိုလိုဟာ မိန်းကလေးထက် ယောင်္ကျားလေးကိုသာ လိုချင်ကြတယ်။
ဘာလို့လဲ ယောင်္ကျားလေးတွေကဘဲ အရာရာမှာတော်နိုင်လို့လား။
ယောင်္ကျားလေးတွေကဘဲ မိဘကို လုပ်ကျွေးပြုစုနိုင်လို့လား။
ယောင်္ကျားလေးတွေကဘဲ အားကိုးရတာမလို့လား။
ယောင်္ကျားလေးတွေကဘဲ ပညာတက်ကြတာလား။
ကျွန်မကဝောာ့ အဲ့အရာကို လုံးဝလက်မခံဘူး။ မိန်းကလေးတွေမှာလည်း သူ့ကိုယ်ပိုင်အရည်အချင်းဆိုတာရှိတယ်။ မိန်းကလေးတွေကို တန်းတူအခွင့်အရေးပေးသင့်တယ်။
အဲ့တာကြောင့် ဒီဇာတ်လမ်းလေးကို ပုံဖော်ခဲ့တာပါ။
မိန်းမတစ်ယောက်ရဲ့ထက်မြက်မှုကို ပံ့ပိုးကူညီပေးတဲ့ ယောင်္ကျားတစ်ယောက်
မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကိုထပ်တူခံစားပေးမဲ့ ယောင်္ကျားတစ်ယောက်
စတဲ့ ပုံစံလေးတွေကိုထည့်သွင်းရေးသားပေးမှာမို့ ဆုရည် နဲ့အတူ လိုက်ပါစီးမျှော်ပေးကြပါဦး။





သူဠေးမင်း၏မြတ်နိုးရာမြို့အုပ်မင်းမလေးWhere stories live. Discover now