Unicode
ပန်းနွယ်ရုံမြို့ငယ်လေးရှိ မဟာသုခဓမ္မ ဘုရားကျောင်းတွင် ချွေးတွေနှင့်အလုပ်လုပ်နေရသော လူများရှိနေသည်။
ထိုလူများဟာ မုန့်ဟင်းခါးချက်နေကြခြင်းဖြစ်သည်။ယနေ ၁၉၃၄ ခုနှစ် ကဆုန်လဆန်း၄ ရက် မြို့အုပ်မင်း၏ ရင်နှစ်သည်းချာလေး နန်းတေးတိမ်သာလေး၏ ၄ နှစ်ပြည့်မွေးနေ့ဖြစ်ပေသည်။
ထို့ကြောင့် ဘုရားကျောင်းတွင် မုန့်ဟင်းခါး စတုဒိသာ ကျွေးမည် ဖြစ်သည်။
မြို့အုပ်မင်းနှင့် သူ၏ဇနီးသည်လည်း ဘုရားကျောင်းတွင်လိုအပ်သည့်အရာများအား ကူညီပေးနေကြသည်။
ကိုယ်ကအလှူရှင်ဆိုပြီး ထိုင်နေတာဟာ မကောင်း။ကိုယ့်အလှူမှာ ကိုယ်ကိုယ်တိုင်ပါဝင်မှသာ ကုသိုလ်များရပြီး စိတ်အေးချမ်းနိုင်မည်။"မြို့အုပ်မင်းရေ မြို့အုပ်မင်း "
အလောတကြီးနှင့် ချွေးတွေရွဲနေသော အိမ်နားနီးချင်း ကိုမင်းသူ
" ဖြေးဖြေးလာပါ မင်းသူရ၊ဘုရားကျောင်းမှာ အော်ကျယ်အော်ကျယ် မလုပ်ရဘူးလေ"
" တိမ်သာလေးမရှိဝောာ့ဘူး မြို့အုပ်မင်း"
"ဘာ! သမီးလေး ငါ့သမီးကဘာလို့မရှိတာတုန်း"
"မြို့အုပ်မင်းတို့အိမ်ကို ဓားပြတွေဝင်လာတာ၊ခြံရှေ့မှာကျစ်ကားနှစ်စီးရှိတယ်၊ သူတို့က ကိုလွန်းမင်းကိုလည်း သတိမေ့အောင်ရိုက်သွားကြတယ်ထင်တယ်၊ ကျုပ်လည်း သိချင်တာနဲ့ ခြံထဲဝင်တာရှိသေး အော်သံကြားရတာနဲ့ ခြံထဲက သစ်ပင်ကြီးနောက်မှာဘဲ ပုန်းနေတာ၊အဲ့မှာ မျက်နှာဖုံးနဲ့ လူကြီးတစ်ယောက်က တိမ်သာလေးကို ခေါ်သွားဝာာ တွေ့ခဲ့တယ် အဲ့တာကြောင့် မြို့အုပ်မင်းကိုလာပြောတာ၊"
ပြောရတာ မောသွားသည်မို့ ဘေးမှာရှိသော ရေဘူးကို မော့သောက်လိုက်သော ကိုမင်းသူ
"တောက်၊ ဘယ်သူကများငါ့သမီးကိုခေါ်သွားရဲတာလဲ"
မြို့အုပ်မင်းဟာ ဒေါသတကြီးရေရွတ်ပြီး ရဲ စခန်းကိုဖုန်းဆက်ကာ သူကိုယ်တိုင်ရှာဖွေရန် ထွက်လာခဲ့သည်။
YOU ARE READING
သူဠေးမင်း၏မြတ်နိုးရာမြို့အုပ်မင်းမလေး
Adventureသူဠေးမင်း၏ဇနီးဖြစ်တဲ့ထက်မြက်သောမိန်းမအကြောင်း