"ဟူးး တော်ပါသေးတယ် မဲကြီးရာ အရီးပြူးစိန် ဒီအထိလိုက်မလာခဲ့လို့"ထိုအခါ မဲကြီးက မောဟိုက်နေတဲ့တဲ့ လေသံနဲ့ ပြောလာတော့သည်။
"အေးဟ အပြေးမြန်လို့လွှတ်လာတာ မဟုတ်ရင် အခုလောက်ဆို အရီးပြူးစိန်လက်စာမိနေလောက်ပြီ နှစ်ယောက်စလုံး"
"(ဟုတ်တယ်)² ဒါနဲ့ ဘယ်နနာရီထိုးပြီလဲ မဲကြီး"
"အမ်း နင် မမခင်ကို သွားကြိုရမှာမလား ကျောင်းလွှတ်ဖို့ ၁၀ မိနစ်ဘဲလိုတော့တယ်"
"ဟာ အဲ့လောက်တောင် ရှိသွားပြီလား ဒါဆို ငါသွားတော့မယ်နော် မဲကြီး"
"အေးအေး"
မောင်လဲ မဲကြီးကိုပြောပြီးတာနဲ့ ခင့်ကို ကြိုဖို့ ရွာကျောင်းလေးစီကို ကို အမြန်ထွက်လာခဲ့လိုက်သည်။
ကျောင်းအရှေ့ကို ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် မေမေနဲ့ဂိုဂို့ ကို ကျောင်းထဲကနေ ထွက်လာတာ ကိုတွေ့လိုက်ရသည်။မောင်လဲ မေမေတို့စီကို အမြန်သွားလိုက်ပြီး"မေမေ ၊ မမခင်ရောဟင်"
မေမေကိုကြည့်ရတာ တစ်ခုခုကို ပြောချင်ပေမဲ့ မပြောထွက်ဘဲ ဖုံးကွယ်ထားသလို မျက်နှာကသိပ်မကောင်းတဲ့ပုံစံဖြစ်နေသည်။
"မေမေ မမခင်ရောလို့ ဒီနေ့ မမခင်က မေမေနဲ့အတူတူမလာဘူးလားဟင်"
"သမီးခင်က ကိစ္စလေးတစ်ခုရှိလို့ နောက်မှလာခဲ့မယ်တဲ့"
"မေမေကလဲ မမခင်ကို တစ်ယောက်ထဲထားခဲ့တာလား "
"မဟုတ်ပါဘူး ရဝီလေး ရယ် သမီးခင်က မေမေစောင့်နေတာကို အားနာလို့တဲ့ မေမေ့ကို အရင်ပြန်ခိုင်းလိုက်လို့ပါ"
"ဒါဆို မောင် ဒီကနေဘဲ မမခင်ကို စောင့်နေလိုက်တော့မယ် မေမေ"
"ဂိုဂိုတို့ရော စောင့်ပေးရမလား ရဝီ ကျောင်းထဲမှာ တစ်ခြား တီချယ်တွေတော့ ရှိသေးတယ်"
"ရတယ် ဂိုဂို မောင်တစ်ယောက်တည်းဘဲ စောင့်နေလိုက်တော့မယ် မေမေတို့ အရင်ပြန်နှင့်လိုက်နော်"
"အင်းအင်း ဒါဆို မေမေတို့ ပြန်တော့မယ်နော် ရဝီ"
"ဟုတ်"

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။