အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းဆင်းချိန် ညနေစောင်း၀ယ် ထိုအနီးတစ်ဝိုက်ဟာ ထုံးစံအတိုင်း ၀တ်စုံတူ ကျောင်းသူ ကျောင်းသားလေးတွေဖြင့် စည်ကားလျက်ရှိနေပြီး၊ ကျောင်းအနီးရှိ ဘတ်စ်ကားမှတ်တိုင်တွင်လည်း ကားစောင့်နေသူ အလျှိုလျှိုနှင့် ပြည့်နှက်နေတာကြောင့် ဘေးခပ်လှမ်းလှမ်းတွင် ရပ်နေတဲ့ ကျောင်းသားလေးတစ်ဦးဟာ ရင်ဘတ်ပေါ်မှ ကျောပိုးအိတ်ကြိုးနှစ်ဖက်လုံးကို ခပ်တင်းတင်းကိုင်လို့ ပလက်ဖောင်းလမ်းပေါ်မှ ကျောက်ခဲစလေးတွေကို sneaker ထိပ်ဖြင့် ဘာရယ်မဟုတ် တွန်းချေနေမိလေသည်။
မိုးကုန်ခါနီးကာလဖြစ်တာမို့ လက်ကျန်မိုးသားတွေကို ကုန်စင်အောင်ဖျော်ချနေကြသလား ထင်ရလောက်အောင်ပင်၊ ကျောင်းဆင်းချိန်တွေမှာဆို မဲမှောင်နေတဲ့ တိမ်လိပ်တိမ်စိုင်တွေဟာ ကောင်းကင်ပြာအား အုပ်စိုင်းသွားလေ့ရှိကြလေသည်။
ဒီနေ့မှာလည်း ထုံးစံအတိုင်း အရောင်ရင့်နေပြီဖြစ်တဲ့ မိုးသားအစုံနဲ့အတူ တစ်ချက်တစ်ချက်မှာလည်း လင်းခနဲဖြစ်သွားတတ်သေးတာမို့ မကြာခင်အချိန်အတွင်း မိုးရွာတော့မည်ဆိုတာ ထင်ရှားနေလေသည်။
ဤသို့ဖြင့် ဒီနေ့မှ နောက်ကျနေတဲ့ ဘတ်စ်ကားလာရာ လမ်းကို တမျှော်မျှော်ကြည့်နေမိတဲ့ ကျောင်းသားလေးရဲ့ နှုတ်ခမ်းလုံးလေးတွေကပါ မသိမသာစုချွန်လာခဲ့လေသည်။
တကယ်ဆိုရင် ဖေဖေကိုဖြစ်စေ ကိုကြီးကိုဖြစ်စေ မမကိုဖြစ်စေ ဖုန်းဆက်လှမ်းခေါ်လိုက်လို့ရပေမယ့်လည်း အားလုံးဟာ ဒီအချိန်ဆို သူတို့အကြောင်းနဲ့ သူတို့ မအားလပ်သူတွေဖြစ်ကြသလို အိမ်မှာကျန်ခဲ့တဲ့ မေမေကတော့ ကားတောင် မမောင်းတတ်တာမို့၊ သူ့ကိုလာကြိုဖို့အတွက်နဲ့တင် တကူးတကကြီး အလုပ်ပိုသွားတာမျိုးမဖြစ်စေချင်ပါလေ။သို့ပေမဲ့ ထိုအချိန်မှာပဲ၊
"ဂျွန်ဂယူ .."
သူ့နာမည်ကို ခေါ်သံကြားလိုက်တာမို့ အသံလာရာဘက်ကို လှမ်းကြည့်လိုက်လေတော့၊
"ဂျောင်ဟွမ်"
အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ဆိုဂျောင်ဟွမ်က ဆံပင်ရှည်တွေ လွင့်ပျံသည်အထိပင် ခပ်သွက်သွက် ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။
YOU ARE READING
𝑻𝒉𝒆 𝑺𝒆𝒓𝒆𝒏𝒅𝒊𝒑𝒊𝒕𝒐𝒖𝒔 𝑻𝒊𝒆𝒔 𝒐𝒇 𝑺𝒑𝒓𝒊𝒏𝒈
Fanfiction: 𝗄𝗂𝗌𝗌 𝗆𝖾 𝗂𝗇 𝗍𝗁𝖾 𝗌𝗉𝗋𝗂𝗇𝗀, 𝗌𝗈 𝗂 𝗄𝗇𝗈𝗐 𝗐𝗁𝖺𝗍 𝗂𝗍 𝖿𝖾𝖾𝗅𝗌 𝗅𝗂𝗄𝖾 𝗍𝗈 𝖼𝗈𝗆𝖾 𝖺𝗅𝗂𝗏𝖾 𝗅𝗂𝗄𝖾 𝖺 𝗌𝖾𝖺𝗌𝗈𝗇.