"@#####-#-#+#+#"
ကြွစိကြွစိ အသံတွေကြောင့်ရှောင်းကျန့်နိုးလာတယ်။ သူ့ရင်ဘက်ပေါ်လက်တင်ပြီး အိပ်နေတဲ့ ရိပေါ်လက်လေးကိုအသာဖယ်ပြီး ထကြည့်လိုက်တယ်။
"ဟင်!"
သူတို့နတ်ကွန်းရှေ့မှာ စားစရာတွေလာပူဇော်နေတဲ့ လူအုပ်ကြီးကြောင့် သူနည်းနည်းအံ့အားသင့်သွားတယ်။ ပြီးတော့ နတ်ဆရာလိုလိုဘာလိုလိုလူတစ်ယောက်လည်းပါတာကိုတွေ့ရတယ်။
" ဒီနတ်ကွန်းက ဆိုင်ရာပိုင်ရာနတ်မင်းကြီးတွေကို ကျွန်တော်တို့ ကိုးကွယ်ဆည်းပူးခွင့်ပြုပါ။ ကျွန်တော်တို့ရွာသားတွေ အလှည့်ကျ ပူဇော်ပသမယ်လို့ ကတိပေးပါတယ်။"
"အချစ် ဘာတွေလဲ။"
"ငါတို့ကို ပူဇော်ပသတဲ့လူတွေ။"
ရိပေါ် ရှောင်းကျန့်ခါးလေးကိုဖက်ပြီးဘေးမှာရပ်နေလိုက်တယ်။
"ဒါဆို စားဖို့မပူရတော့ဘူးပေါ့။"
"ဒါပေါ့ ခိခိ....."
ထိုစဉ် နတ်ဆရာကြီးက မျက်စိမှိတ်ပြီး ဆုတောင်းနေရင်းမှ ဖျက်ကနဲမျက်လုံးပွင့်လာပြီး ရွာသားတွေဖက်လှည့်ကာ
"ဒီမှာ မောင်နှံနှစ်ဖော်ရှိနေတယ်။"
မောင်နှံနှစ်ဖော် ဆိုတဲ့နာမည်ကြောင့် ရိပေါ်ခွိကနဲပြုံးလိုက်မိတယ်။ဒီလူတွေကတော့။
"မောင်နှံနှစ်ဖော်က အနီရောင်ဝတ်ရုံတွေကိုဝတ်ထားတယ်။ သူတို့နှစ်ယောက်ငါတို့ကိုကြည့်နေတာငါ့အာရုံထဲမှာပေါ်တယ်။"
"ဒီနတ်ဆရာ မဆိုးဘူးပဲ။"
ရိပေါ် မေးစေ့ကိုပွတ်ပြီး ပြုံးလိုက်တယ်။
ထိုစဉ် မနေ့က ဆေးဆရာထွက်လာပြီး
"ဟုတ်တယ်။ မနေ့က အနီရောင် အရိပ်ကိုကျွန်တော်မြင်လိုက်တယ်။ "
အကုန်လုံးကတော့ နတ်ကွန်းကိုဖင်ထောင်အောင်ကန်တော့နေကြတယ်။ နတ်ဆရာကဆက်ပြောတယ်။
"နေ့တိုင်း နေ့တိုင်း မနက်နဲ့ညကို နှစ်ယောက်စာထမင်းနဲ့ အချိုပွဲတွေ လာဆက်သရမယ်။"
"ဟုတ်ကဲ့ပါ ဆေးဆရာကြီး။"
_______
ရိပေါ်နဲ့ရှောင်းကျန့်က ဘာမလုပ်မှ မလုပ်ရပဲ ပို့ဆွမ်းတွေစားရင်း ဇိမ်ယစ်နေကြတယ်။ နေ့လယ်လောက်ရောက်တော့..