နီ

340 78 29
                                    

ချွေးသည် နားထင်မှတဆင့် မေးစေ့အထိ
စီးကျလာ၏။အသူရာနေမင်းက ခေါင်းထိပ်
တည့်တည့်ရောက်နေသည့်တိုင် ကျွန်တော်
ခရီးမတွင်သေးပါ။ဒီခရီးမနီးမှာကိုသိလျက်နှင့်လာခဲ့သော ကျွန်တော်ကဆုံးဖြတ်ချက်ချလိုက်
ရင်ထိုဆုံးဖြတ်ချက်ကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်တတ်သူဖြစ်သည်။

ကျွန်တော့်နာမည်ကတော့ ပတ်ဂျီမင်။
အသက်အားဖြင့်တော့ သုံးဆယ်တိတိ
ရှိပြီဖြစ်၏။အတော်အသင့် နာမည်ရသော
ဒါရိုက်တာတစ်ယောက်ဖြစ်သည့်အပြင်
စာရေးသည့်အလုပ်ကိုလည်း စတင်
ခြေဆန့်နေသူဖြစ်သည်။လူငယ်ဘဝတည်းက
လူလတ်ပိုင်းဘဝရောက်သည်အထိ ဘယ်အရာမျိုးမဆို ကျွန်တော် စိတ်ပါဝင်စားလာလျှင် ဘာအခက်အခဲရှိရှိ ကြိုးကြိုးစားစားလုပ်တတ်သူလည်းဖြစ်၏။
ယခု ဒီခရီးသည်လည်း အလုပ်ခရီးထွက်လာ
ခြင်းပင်။

“ရောက်တော့မယ် ဆရာလေး”

လင်း ဆိုသည့်လူကပြောလာသဖြင့် ကျွန်တော် ပြုံးပြလိုက်ပါသည်။

တောကဘာလိုလိုနှင့်နက်လာ၏။နှစ်ချို့သစ်ပင်ကြီးတွေရှိသည့်တိုင် နွေဦးမှာ အစွမ်းကုန်
ပူပြင်းတောက်လောင်နေသောနေမင်း၏ဒဏ်ကိုတော့အံမတုနိုင်ရှာ။တောမဟာမြိုင်မှာ ထူးဆန်း
သလို ဆန်းကြယ်ပါသည်။ပူပြင်းနေသည့်တိုင်
မြေကြီးမှာခြောက်သွေ့မနေ။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စိုစိကာပျော့နေသော မြေကြီး
ထဲသို့ စီးထားသည့် ကင်းဘတ်ဘိုးဖိနပ်နစ်ဝင်
သွားသည်ခံစားရသော်လည်း တကယ်တမ်း
ကတော့ နစ်မဝင်သွားပါ။

“တစ်ပြပဲလိုတော့တာ ဆရာလေးရေ ဟဲဟဲ”

တစ်ပြတစ်ပြနှင့်ခေါ်လာပေးသောလူကြောင့်
ကျွန်တော့်မှာတော်တော်ကို ဟောဟဲဆိုက်
နေပါသည်။မပြီးဆုံးနိုင်သော တစ်ပြများနှင့်
ပိုမိုလေးလံလာသော ကျွန်တော့်၏ကျောပြင်။
လွယ်ထားသော တောင်တက်ကျောပိုးအိတ်
အနီရောင်ကြောင့် ပုခုံးများမှာ တောင့်တင်း
လို့နေ၏။ချွေးတွေကြောင့် အခိုးရိုက်နေသော
မျက်မှန်အားချွတ်ကာ လက်‌မဖြင့် ဖြစ်သလို
ပွတ်သတ်လိုက်သည်။ပြန်တပ်ကာကြည့်လိုက်
တော့ သိပ်မဆိုးပါ။မြင်ကွင်းမှာ ရှင်းလင်းသွား
ပါ၏။ခပ်ပြပြ မြင်နေရသည့် မြင်ကွင်းကြောင့်
ကျွန်တော့် နှုတ်ခမ်းတွေ ပြုံးသွားရသည်။
ရင်ဘတ်နားက အိတ်ကပ်ထဲတွင် ထည့်ထား
သော စာရွက်ကိုထုတ်လိုက်ပါသည်။ဒီစာက
လွန်ခဲ့သောတစ်လက ကျွန်တော့်နာမည်နှင့်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည့်စာ။
ထိုစာကို ကျွန်တော် ဖွင့်ဖတ်လိုက်၏။

နီWhere stories live. Discover now