~ဆိုင်ရှေ့မှာစောင့်နေတယ်
အဝတ်လဲခန်းထဲ ဝင်ဝင်ချင်းတက်နေတဲ့messenger ကနိုတီလေးတစ်ခု
~အဝတ်လဲပြီးတာနဲ့ဆင်းလာခဲ့မယ်
ချက်ချင်းreply လုပ်ပြီးအဝတ်အစားကိုမြန်မြန်ဆန်ဆန်လဲလိုက်ရင်း ဆိုင်အောက်ကိုပြေးဆင်းလာခဲ့တယ် ။
စက်ဘီးပေါ်ထိုင်ပြီး ဖုန်းသုံးနေတဲ့ သူ့ကိုမြင်တော့ကျွန်တော်ပြေးသွားလိုက်ပြီး"ပြီးပြီ ပြန်မယ်"
"မင်းနင်း ငါနောက်ကထိုင်စီးမယ်"
ပြောရင်းနဲ့နောက်ကcarrier ခုံပေါ်ပြောင်းထိုင်သွားတဲ့သူ့ကိုကြည့်ပြီးကျွန်တော့်မျက်နှာက ချက်ချင်းမှုန်ကုတ်သွားခဲ့တယ်။
"မင်းကငါ့ဆိုအမြဲအနိုင်ကျင့်နေတာပဲ"
ကျွန်တော်ရန်တွေ့တော့သူကရယ်တယ်။
"ငါကိုးနာရီထဲကအလုပ်ပြီးတာနော် ၁၁ခွဲထိမင်းကိုဒီမှာလာစောင့်နေတာ"
"ဟာ ဟေ့ကောင်မလုပ်နဲ့ ယားတယ် စက်ဘီးနင်းနေတာ မှောက်ကုန်မယ်"
သူကကျွန်တော့်စကားကိုပြန်ချေပရင်းအနောက်ကနေ ဆက်ကနဲခါးကိုတို့လိုက်တာကြောင့်ယိုင်သွားတဲ့စက်ဘီးကိုထိန်းရင်းကျွန်တော်အော်လိုက်တယ် ။
အအော်ခံလိုက်ရလည်း အမှတ်မရှိတဲ့သူက
အစမရှိအဆုံးမရှိနဲ့"ချစ်လား"
"မချစ်ဘူး"
"အဲ့ဒါဆို မင်းအမေနဲ့တိုင်မယ်"
"Park Chanyeol!!!"
ကျွန်တော် အသံအကျယ်ကြီးအော်လိုက်တော့ သူက
တဟားဟားနဲ့နောက်ကနေအော်ရယ်တယ်။
အဲ့ဒါတွေသူ့ကိုအမြင်ကပ်တာပါပဲ။ကျွန်တော့်အမေကသူ့ကိုမျက်နှာသာပေးတယ်ဆိုတိုင်းတစ်ခုခုဆိုလှမ်းလှမ်းတိုင်နေတာကတကယ်ကိုမုန်းစရာကောင်းတယ်။ရန်ဖြစ်လိုက် စကားနာထိုးလိုက်နဲ့ လမ်းတစ်လျှောက်ကို
တစ်နေ့တာအဖြစ်အပျက်တွေပါ ပြောရင်း ကျွန်တော်တို့အဆောင်ကိုပြန်လာခဲ့တယ် ။
ကျွန်တော်တို့နှစ်ယောက်လုံးက ချမ်းသာနေတဲ့သူတွေတော့မဟုတ်ဘူး။
မိဘတွေကကျောင်းထားနိုင်ပေမယ့် စားဝတ်နေရေးနဲ့အဆောင်စရိတ်တွေအတွက်ပါတာဝန်ယူပေးဖို့ကျဝန်ကြီးလွန်းတယ်။
YOU ARE READING
Mother in Law's Boy
FanfictionDaddy's girl ? Mommy's boy? No! He is Mother in Law's Boy!