စတင်ခြင်းဖြစ်တလဲ အဆုံးသတ်

47 10 4
                                    

Seoulမြို့ရှိလမ်းမထက်တွင် အစီအရီပြေးလွှားနေသောအနက်ရောင်Macedesကားများ။ ကြယ်ပွင့်သဏ္ဍာန်ဝန်းရံထားသော Marcedesတို့အလယ်တွင်ထည်ဝါသော ဆလွန်းကားလေးတစ်စီးကငြိမ့်ငြိမ့်လေးမောင်းနှင်လျက်ရှိသည်။

"ဥက္ကဌလာပြီ.."

"ရွှီ~~"

ခမ်းနားထည်ဝါသော Olympic Stadium ရှေ့တွင် အစီအရီရပ်သွားသော ကားတွေကြောင့် Stadiumရှေ့မှာအုန်းအုန်းကျက်ကျက် ညံသွား၏။ ကင်မရာမီးပေါင်းရာကျော်ဟာ တဖြတ်ဖြတ်လင်းလက်လျက်ရှိသလို သတင်းထောက်များစွာဟာ ဆလွန်းကားလေးနားဆီ သူ့ထက်ငါဦးအောင် တိုးဝှေ့နေကြသည်။

"လမ်းဖယ်ပါ..လမ်းဖယ်ပေးပါ.."

မာစီးဒီးကားတွေထဲက အလျှိုလျှိုထွက်လာသော အနက်ရောင်ဆင်တူဝတ်ထားတဲ့ bodyguardတွေဟာ ကားအဖြူလေးနားမှာစောင့်ကြပ်လျက်။ ဘယ်ကပေါ်လာမှန်းမသိသော သက်တော်စောင့်တို့ဟာ Stadium ပတ်ပတ်လည်မှာ ဝန်းရံထားသလိုဆလွန်းကားလေးရဲ့ ဘေးတစ်ဖက်ဆီမှာလည်း ကြိုးသဖွယ် တားဆီးလျက်ရှိသည်။

"ဥက္ကဌထွက်လာပြီ!!"

သက်တော်စောင့်အဖွဲ့မှူးဖြစ်သော Jay Park ဆီကနေ အမိန့်သံကျယ်ကျယ်ထွက်လာတော့ ပိုတောင့်တင်းလာတဲ့သက်တော်စောင့်အင်အားနဲ့ သတင်းထောက်တို့ဟာ ပျားရည်မှာအုံသောပုရွက်ဆိတ်တွေသဖွယ်။

Jay ဟာ နားထက်က Earphoneကို သေချာဖိရင်း ကားထဲက ဥက္ကဌရဲ့အမိန့်ကို နာခံလိုက်သည်။

ပွင့်လာသော ကားတံခါးနှင့်အတူ မြေပေါ်နင်းလိုက်သောLeather ရှူးတစ်စုံ။ ပြောင်လက်နက်စိုနေသော အရောင်ကတင် ဖိနပ်ရဲ့တန်ဖိုးကို ထင်းခနဲပေါ်လွင်စေသလို။

အဖြူရောင်Suitဟာ ဖြူဝင်းဖန့်နေသောအသားအရောင်နဲ့ ထင်ဟပ်လျက်။ ငုံ့ပြီးထွက်လာသော မျက်နှာထက်မှာ အပြုံးဆိုတာမရှိ။ ကြယ်တာရာလို လှပလွန်းသောမျက်ဝန်းတစ်စုံနဲ့ ထင်းလင်းသွယ်တန်းသောမျက်ခုံးတို့က ယောင်္ကျားဆန်ဆန်ချောမောခြင်းတို့နှင့် ပြည့်ဝစေသည်။

မနိမ့်မမြင့်သောအရပ်အမောင်းနှင့် ကျစ်လစ်ပြေပြစ်သော ကိုယ်ဟန်အချိုးအဆဟာဘုရားသခင်ကိုယ်တိုင် ထုဆစ်ထားသောပန်းပုရုပ်သဖွယ် ပြည့်စုံလွန်းသည်။

Venganza!Where stories live. Discover now