တွေ့ဆုံမှု သို့မဟုတ် ကံကြမ္မာ

22 7 7
                                    

နေရောင်အောက်မှာ အရောင်တွေတဖျတ်ဖျတ်လက်နေသော ထယ်ရှင်းလုပ်ငန်းစုရဲ့ အဆောက်အအုံကြီးကိုကြည့်ရင်း Sunghoon နှုတ်ခမ်းပါးတွေကို ဖိကိုက်ထားမိသည်။

အဖြူရောင်တီရှပ်လက်တိုပေါ်မှာ ဂျင်းဂျာကင်ကိုထပ်ပြီး ဂုတ်ထောက်ဆံပင်တွေကိုဖုံးအုပ်ထားတဲ့ ဦးထုပ်အနက်ကြောင့် Sunghoonရဲ့ ပုံဟာ လမ်းသရဲဆန်နေသည်။သို့သော် ဦးထုပ်အောက်က မျက်နှာကတော့အပြစ်ပြောစရာမရှိအောင် ချောမောခက်ထန်လွန်းလှသည်။

ကာစီနို။ ထယ်ရှင်းလုပ်ငန်းစုက ပိုင်တယ်လို့သူသေချာသိထားတဲ့ ကာစီနိုမှာ သူအလုပ်ဝင်မှဖြစ်မည်။ ထယ်ရှင်းကို သွေးကြွေးဆပ်နိုင်ဖို့ တရားဥပဒေကို အားကိုးလို့မရမှန်း သူသိသည်။ တောင်ကိုရီးယားနိုင်ငံရဲ့တရားဥပဒေအထက်မှာ ထယ်ရှင်းလုပ်ငန်းစုရှိနေသည်လေ။

"အဟက်! အတော်လေးကို အရှိန်အဝါကြီးတာပဲ..ခဏပဲစောင့်ပါ! မင်းရဲ့အရှိန်အဝါတွေကိုဖျက်ဆီးဖို့ ငါရောက်လာတော့မှာ.."

အ၀င်ဝက ဂိတ်တံခါးနဲ့တင် ထည်ဝါလွန်းနေသောလုပ်ငန်းစုကြီးကို သူ့လိုဘာနောက်ခံမှမရှိတဲ့ ထောင်ထွက်တစ်ယောက်က ဒီလိုကြိမ်းဝါးတာဟာ သာမန်လူတွေအတွက်တော့ လှောင်ရယ်စရာဖြစ်သလို ကြက်သီးထဖွယ်လည်းကောင်းလွန်းသည်။

လက်ရှိလုပ်ငန်းစုရဲ့အရှင်သခင်အကြောင်း Sunghoon သိဖို့လိုအပ်နေသေးသည်။

ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ကာ ထယ်ရှင်းလုပ်ငန်းစုကိုဒုတိယအကြိမ် Sunghoon ကျောခိုင်းလိုက်သည်။ ထိုးမယ့်ဆင်သည် နောက်ကိုတစ်လှမ်းဆုတ်စမြဲ။

ဖုန်းကိုထုတ်ကာ ထယ်ရှင်းနဲ့ပက်သတ်သမျှကို ရှာဖွေမိတော့ ကောင်းသတင်းတွေချည်းစီခနဲတက်လာသည်။ စတုတ္ထမဏ္ဍိုင်ကိုတောင် ချုပ်ကိုင်နိုင်တဲ့ အရှင်သခင်ကို သူ ချီးတော့ချီးကျူးမိသည်။

" လူရှေ့ထွက်တဲ့ပုံတိုင်းမှာ အမြဲ mask တပ်ထားတာပဲ"

ကားမှတ်တိုင်က ခုံတန်းမှာထိုင်ရင်း တက်လာသမျှ သတင်းတွေကိုကြည့်ကာ Sunghoon အသံထွက်ပြီး ရယ်ချလိုက်မိသည်။ အခုမှ ထယ်ရှင်းရဲ့အရှင်သခင်ဟာဘာကြောင့် မျက်နှာဖုံးတပ်ထားရလည်းဆိုတာ သူသိသွားသည်။

You've reached the end of published parts.

⏰ Last updated: 12 hours ago ⏰

Add this story to your Library to get notified about new parts!

Venganza!Where stories live. Discover now