💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ
(Unicode)
(အခန်း၅)တစ်ကိုယ်လုံးမွှေးကြိုင်နေသည်မို့
ယူရီခေါင်းများပင် မူးနောက်လာရသည်။
ယူရီကြည့်မိတော့ မိုးထိကမ်းနားဆီမှလာသော
အမွှေးရနံ့များပင်။အနက်ရောင်အနောက်တိုင်းဝတ်စုံကို
ဝတ်ဆင်ထားသည့် မိုးထိကမ်းနားဟာ
သိပ်ကိုကြည့်ကောင်း၍ခန့်ညားလှသည်။
သူ၏ဆံပင်ရှည်များကိုလှန်စီးထား၍
မျက်နှာဟာပြောင်ရှင်းချောမွေ့နေသည်။"ဘယ်လဲ မိုးထိကမ်းနား!!.."
ယူရီမေးလိုက်တော့ သူ့ခြေလှမ်းများ
ရပ်သွားရင်း လှည့်ကြည့်လာသည်။"အပြင်သွားမလို့..ဘာလုပ်ဖို့လဲ"
"ဒါလေးတောင်မေးခွင့်မရှိဘူးလား.."
"အေး မရှိဘူး မမေးနဲ့..."
စကားအကောင်းမပြောသောသူ့ကြောင့်
ယူရီဒေါသများသာဖြစ်လာရသည်။
သူကတော့ ကျော့မော့နေအောင်ပြင်၍
ယူရီ့ကိုဂရုမစိုက်စွာထွက်သွားလေသည်။ယူရီ သူ့နောက်သို့ လိုက်ရန်ဆုံးဖြတ်
လိုက်လေသည်။*
*
မိုးထိကမ်းနားရဲ့ကားက ဟိုတယ်တစ်ခုရှေ့
ရပ်သွားလေသည်။ကားပေါ်မှဆင်း၍
ဟိုတယ်ရှေ့မှာ စီးကရက်ကို မီးညှိဖွာရှိုက်ကာ
တစ်ယောက်ယောက်ကို စောင့်နေလေသည်။ခဏအကြာမှာတော့ အနက်ရောင်ကား
တစ်စီးရောက်လာကာ ကားပေါ်မှ
ရွှေအိုရောင်ဆံနွယ်နဲ့အမျိုးသမီး
တစ်ဦးဆင်းလာသည်။ကျောပေးလျှက်ထားအနေထားဖြင့်သာ
ဟိုတယ်အတွင်းထဲဝင်သွားသည်မို့
မျက်နှာကိုသေချာမမြင်လိုက်ရပေ။ယူရီ ကားပေါ်မှအမြန်ဆင်း၍ ထိုဟိုတယ်
အတွင်းထဲသို့ လိုက်ဝင်ခဲ့လေသည်။"အခန်းယူမလို့လားရှင့်.."
ယူရီကောင်တာမှဝန်ထမ်းဆီသို့
အသင့်ယူလာသည့်သေနတ်ဖြင့်
ချိန်ရွယ်လိုက်သည်။"ဟင်!!.."
"အသက်မသေချင်ရင် ခုနကဝင်သွားတဲ့
အတွဲရဲ့အခန်းနံပါတ်ပေးလိုက်"
![](https://img.wattpad.com/cover/322007106-288-k563401.jpg)
ESTÁS LEYENDO
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံး
Romance"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားက မင်းလင်လေ"