HC - 55 (U&Z)

142 25 1
                                    

(Unicode)

*ဟင်းးး...

မိမိကို ကြည့်ကာ သက်ပြင်းချနေသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က ပြုံးလိုက်သည်။

*ရှောင်း ဘာတွေ ဖြစ်နေတာလဲ...အခုတလော အရမ်းကို သက်ပြင်းတွေ ချနေတာနော်...စိတ်ခုစရာ တခုခုများ ရှိနေလို့လား...ဟင်...

*မရှိပါဘူး...

ခပ်ပြတ်ပြတ်ပြောကာ ခေါင်းခါပြနေတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က အလန့်တကြား ဖြစ်သွားဟန်ဖြင့် မျက်လုံးပြူးကာ ကြည့်လိုက်သည်။

*ဟင်...ဒါဆို ဘာဖြစ်နေတာလဲ...ရှောင်းကို ကောင်းကင်နိုင်ငံမှာ ဘယ်သူက အနိုင်ကျင့်လိုက်လို့လဲ...

*မင်း...

မကျေမနပ် ဖြေလိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း အံ့အားသင့်ကာ ပြန်မေးလိုက်သည်။

*အင်...ကျွန်တော်က...ကျွန်တော်က လူ့ပြည်မှာလေ...

*အာ...မဟုတ်ဘူး...မဟုတ်ဘူး ထားလိုက်တော့...ထားလိုက်တော့...ငါ ရူးနေတာ...

ရှောင်းကျန့်က အလန့်တကြား လက်ခါပြရင်း ဖြေလိုက်သည်။ ဝမ်ရိပေါ်က သဘောကျစွာ ရယ်မောရင်း ရှောင်းကျန့် လက်များကို ဆုပ်ကိုင်လိုက်သည်။

*ဟင်...ဟား...ဟား...ဟား...
ရှောင်းကလေ...အရမ်း ချစ်ဖို့ကောင်းတာပဲ...အခု ကျွန်တော့်ကို သဝန်တိုနေတာပေါ့...ဟုတ်လား...အဲ့ဒါ ကျွန်တော်မှ မဟုတ်တာကို...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က မျက်စောင်း ထိုးလိုက်သည်။

*ဒါပေမယ့် မင်းပုံစံနဲ့...အဲ့တယောက်ကို အရမ်းဂရုစိုက်နေတာကို မြင်နေရတာ...ငါ တကယ် မခံစားနိုင်ဘူး...
.
.
.
ဟင်...မင်း ဘယ်လို လုပ်ပြီး သိသွားတာလဲ...

ရှောင်းကျန့်ရဲ့ ရှက်ရဲရဲ မျက်နှာကို ဝမ်ရိပေါ်က ရွှမ်းရွှမ်းစားစား ကြည့်ကာ လှမ်းဖက်လိုက်သည်။

*သိတာပေါ့...ကျွန်တော့် ပုံစံနဲ့ ဟန်ရွှယ်ကျီး လက်ထပ်တဲ့ နေ့ကတည်းက...ရှောင်း မျက်နှာ မကောင်းနေတာကို...

*အရမ်း သိသာနေတာလားဟင်...မင်း မဟုတ်ဘူး ဆိုတာကို ငါ သိပေမယ့်...မင်းမျက်နှာနဲ့ အဲ့လိုမျိုး မြင်နေရတော့...ငါ...

He Created (သူ ဖန်တီးသော) (U&Z)Where stories live. Discover now