Unicode. .
''ချစ်တယ် အကို''
Parkjeongwoo ဆီကနေ ထိုစကားမျိုးကို အချိန်ပေါင်းများစွာကြာဖူးနေတဲ့ Harutoအတွက်တော့ သေချာပေါက် မထူးဆန်းတော့ပါဘူး
''ငါမင်းကို မချစ်နိုင်ဘူး ငါက ဘယ်လိုလုပ်ပီး ယောကျာ်းလေးတစ်ယောက်ကို ချစ်နိုင်မှာလဲ
မင်းမဟုတ်တာတွေတွေးနေတာ ရပ်စမ်းပါ
ကိုယ့်ကိုကိုယ့် ယောကျာ်းလေးဆိုတာ သတိရတော့ မင်းပုံစံမျိုးကို ကြိုက်မဲ့ မိန်းကလေးမရှားလောက်ပါဘူး ''Haruto ရဲ့ အပြောချို"နဲ့ ငြင်းဆိုသံကို ကြားနေကြ Jeongwoo အတွက်လည်း သေချာပေါက် မထူးဆန်းပေ
Jeongwoo က ပုံမှန်ဆို ရင့်ကျက်တဲ့ လူလို့ ပုံစံမျိုး ဆိုပေမဲ့ Haruto နဲ့ ပတ်သက်ရင်တော့ ယွပိုး ထနေတတ်တယ်
သူကိုယ်တိုင်လည်း Haruto ကိုမှ ဘာလို့ အဲ့လောက်တောင် အသည်းအသန်ဖြစ်နေမှန်း မသိပါဘူး Haruto အနားမှာ တဝဲ"လည်လည် လုပ်လွန်းလို့ တစ်ကျောင်းလုံး ဆရာမတွေကပါ လွှတ်ပေးထားရတဲ့ အထိပဲပေါ့''အစ်ကို အစ်ကို ကျောင်းလာပီလား
မုန့်သွားစားမလား မနက်စာစားပီးပီလား
ကျွန်တော်နဲ့ အတူတူ ကန်တင်းသွားရအောင် ''Jeongwooက စကားတွေ အဆက်မပြတ်ပြောနေပေမဲ့ တုံ့ပြန်စကားမပြောသော လူကို လက်ကနေ အတင်းဆွဲခေါ်ပီး ပြေးသွားလေပီ
''ဟေ့ လွှတ်တော့ဟ ပြေးရတာမောနေပီ''
''အစထဲက ပြန်ဖြေခဲ့ရင် အခုလို ပြေးနေရမှာ မဟုတ်ဘူး''
''အခုပြောပီ လွှတ်လိုက်တော့ ''
''ဟုတ် အအေးအရင် ဝယ်ကြမယ် အကို''
''အေး မြန်"ဝယ် ငါ့အတွက် cola ''
''သိပါတယ်နော် Hyung ရယ်''အနည်းငယ်ပြုံးလိုက်ပေမဲ့ jeongwoo တော့ မမြင်လိုက်ရပါဘူး
ရင့်ကျက်သလိုလုပ်နေတတ်တဲ့ harutoက အခုလိုမျိုးပြုံးရယ်တာကိုသာ jeongwoo တစ်ယောက် မြင်ရင် ထခုန်လိုက်မယ် ထင်တယ်''ဒီမှာပါခင်ဗျာ Hyung အတွက် cola အေးအေးလေး ရပါပီ ခင်ဗျ''
''ရိုးရိုးပဲ ပြောစမ်းပါကွာ''
''ရိုးရိုးပြောလို့ ဘယ်ရမလဲဗျ ကျွန်တော်က ချစ်တာကိုဗျာ Hyung ကကလည်း''
''တော် တော်လိုက်တော့ အဲ့ဒါပဲ အမြဲပြောနေရင်း ဒီမှာပဲ နေခဲ့လိုက်တော့''