𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐘𝐨𝐮 _ shimkongz
" အတန်းခေါင်ဆောင်ရှန်! ဆရာမခေါ်နေတယ်"
"အေး လာပြီ လာပြီ"
အင်း.. ဒါကတော့ ရှန်ချွမ်ရွေ့ရဲ့သာမန်နေ့လေးတစ်နေ့ပေါ့
အတန်းခေါင်းဆောင်တစ်ယောက်ဆိုတော့ ဆရာမတွေခိုင်းတာတစ်ခုပြီးတစ်ခုလုပ်ရင်လုပ်၊
အတန်းထဲကကောင်တွေရဲ့ အိမ်စာ စာအုပ်တွေကိုစစ်ရင်စစ်၊ မဟုတ်ရင် ကိုယ့်စာကိုပြန်လုပ်၊နောက်ဆုံးလုပ်စရာမရှိတဲ့အဆုံးမှာတော့
ကင်မ်ဂယူဘင်းရဲ့အကြောင်းကိုထိုင်တွေးယုံပေါ့ ...။𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐘𝐨𝐮 _ shimkongz
ချွမ်ရွေ့ တို့အဖြစ်ကိုပြောရရင် ကင်မ်ဂယူဘင်းဆိုတဲ့စီးပွါးရေးမေဂျာက ကောင်လေးကို တဖက်သတ်ကြိုက်နေခဲ့တာ ၂နှစ်ကျော်ရှိပြီပေါ့။
ဒီကိစ္စကိုဘယ်သူမှလဲမသိသလို ချွမ်ရွေ့ကိုယ်တိုင်ကလဲမသိချင်ယောင်ဆောင်ထားလေရဲ့။ဖွင့်ပြောမိရင်တောင် ကင်မ်ဂယူဘင်းလို
နေ့တိုင်းအချောအလှလေးတွေရဲ့ပိုးပန်းတာခံနေရတဲ့သူအတွက်တော့မပြောပ့လောက်ဘူးလေ။ချွမ်ရွေ့ ဂယူဘင်းကိုဘယ်လိုကစကြိုက်မိသွားတာလဲဆိုရင်...~
//Flash back start //
" ၁၀မိနစ်နောက်ကျတယ် အိပ်ထမတင် ဟိုဘက်မှာသွားလုပ်"
ဒီနေ့က ချွမ်ရွေ့ရဲ့ အားကစားဂျူတီနေ့မို့ အတန်းချိန်
နောက်ကျတဲ့သူတွေကို နာမည်မှတ်ပြီး ပြစ်ဒဏ်ပေးရတာပေါ့။"ဟာ အတန်းခေါင်ဆောင်ကလဲကွာ"
"ကွာတွေ ဗျာတွေပြောမနေနဲ့ နည်းပြလာရင်ပိုဆိုးမှာ
သိတယ်နော် ပတ်ဂွန်းနု""အတန်းခေါင်းဆောင်ဆိုတာနဲ့အာဏာတွေ ပါဝါတွေပြနေတယ် ဟွန်းး!"
နှာတချက်မှုတ်ပြီး မျက်စောင်းထိုးသွားတဲ့ ဂွန်းနုကြောင့်ပြန်ပြီးသာ မျက်စောင်းထိုးပေးလိုက်တယ်။
သူဒီလိုမှအပြစ်မပေးရင် နည်းပြလာရင်သူပဲအဆူခံရမှာပေါ့ !
YOU ARE READING
𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐘𝐨𝐮 _ shimkongz
Romantik𝐋𝐞𝐭 𝐌𝐞 𝐋𝐨𝐯𝐞 𝐘𝐨𝐮 _ shimkongz Ricky X Gyuvin (mm)