မိုးရွာတာကိုနှစ်သက်တဲ့သူတွေထဲမပါသလို မိုးရွာတဲ့အချိန်မှာကော်ဖီသောက်ရင်းစိတ်ကူးယဉ်ခွင့်ရှိတဲ့သူတစ်ယောက်လည်းဟုတ်မနေပြန်ပါဘူး။ ဘာလို့ဆို ကျောင်းနဲ့အချိန်ပိုင်းအလုပ်တွေက သူ့ရဲ့အချိန်မှန်သမျှကိုလုယူနေခဲ့လို့ပါပင်။ ခုလည်းကျောင်းဆင်းချိန်အတိအကျမှာပဲသည်းထန်စွာရွာလာတဲ့မိုးကြောင့် ထီးမေ့လာခဲ့တဲ့သူက အချိန်ပိုင်းအလုပ်ကိုတန်းသွားနေတဲ့လမ်းမှာ မိုးခိုဖို့ကလွဲရင်မရှိဘူးလေ မဟုတ်လို့ပေတေပြီးမိုးရေထဲသာဆက်လျှောက်နေခဲ့မယ်ဆိုရင် ဖျားပြီးရက်အနည်းငယ်အနားယူလိုက်ရတာမျိုး မဖြစ်လိုတာမို့ ရေရှည်ကိုကြည့်ဖို့သာရွေးချယ်ရတာမျိုးပေါ့။
လူသိပ်မရှိသည့် bus stop မှာ bus စောင့်နေတဲ့သူတွေကြားထဲ သူကတော့မိုးတိတ်တာစောင့်နေတဲ့တစ်ယောက်သောသူပဲဖြစ်မယ်ထင်ပါရဲ့။ ခဏအကြာမှာပဲ bus ကရောက်လာတာမို့အခုတော့သူတစ်ယောက်တည်းပဲကျန်ခဲ့ပြီလို့ထင်ခဲ့ပေမဲ့ နောက်လှည့်ကြည့်မိတော့ မျက်နှာထားတည်တည်တင်းတင်းနဲ့ထိုင်နေတဲ့ သူ့အရွယ်နီးပါးကောင်လေးတစ်ယောက်လည်းကျန်ရှိနေသေးပါရဲ့။သူတို့ Uni ရဲ့ အင်္ကျီကိုဝတ်ထားတာမို့ကျောင်းတူမှန်းတော့သူသတိထားမိလိုက်ပါတယ်။
**သူလဲငါ့လိုပဲ မိုးတိတ်ဖို့စောင့်နေတာထင်တယ်**
မိနစ်အပိုင်းအခြားတစ်ခုကြာသွားသည်အထိမိုးကမစဲသေးတာကြောင့် သူ့ခေါင်းထဲဘယ်လိုလုပ်ရမလဲစဉ်းစားရင်းခေါင်းခြောက်နေရပြီ။
"မြန်မြန်လေးစဲလိုက်ပါတော့ တောင်းပန်ပါတယ် ညမှပြန်ရွာပေးလို့မရဘူးလား အခုသွားမှရမှာကိုနောက်ကျတော့မယ်လို့"
တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း အခြေအနေမဟန်တော့တာမို့ လွယ်အိတ်ခေါင်းပေါ်တင်ကာပြေးထွက်မယ်အပြု လက်ကိုလှမ်းဆွဲလိုက်တဲ့တစ်စုံတစ်ယောက်ကိုကြည့်လိုက်တော့ သူနဲ့အတူကျန်ခဲ့ရင်းမိုးစောင့်နေခဲ့တဲ့တစ်ယောက်။ ထို့နောက်ကမ်းပေးလာခဲ့တဲ့ခေါက်ထီးအနီရောင်လေးတစ်လက်နဲ့အတူ
"ဒါယူသွားလိုက်"
ဆိုတဲ့အပိုအလိုမရှိတဲ့စကားစုတစ်စုကို ဩဇာညှောင်းလှတဲ့အသံနဲ့အတူကြားလိုက်ရတာကြောင့် စက္ကန်ပိုင်းလောက်တော့မှင်သက်မိသွားရသေးတယ်။
YOU ARE READING
Started on a rainy day
Fanfictionစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မိုးရေစိုစွတ်ခြင်းအရသာကိုသဘောမကျတဲ့အပြင် မိုးရာသီကိုလဲမကြိုက်ပေမဲ့ မိုးရွာတဲ့နေတဲ့နေ့တစ်နေ့မှာ စတင်တွေ့ရှိခဲ့တဲ့မင်းကိုတော့မြတ်နိုးမိတယ်