နေရောင်ခြည်တဖြည်းဖြည်းနှင့် ရိုက်ခတ်လာခဲ့သည့်မနက်ခင်းလေးတစ်ခု။မျက်ဝန်းလေးတစ်စုံ။လက်ချောင်းလေးများနဲ့ ဒိုဟီး၏ဆံနွယ်များကို သပ်တင်ပေးနေသည်။"ဂျောင်ဂူဝန်း.."
"အွန်း ဒိုဒိုဟီး"
ဘယ်သူတွေဘာဘာပြောပြောပါ ဂျောင်ဂူဝန်းက ကျွန်မရဲ့အသက်ကယ်တင်ရှင်လို့ပဲပြောမရလား။ကျွန်မတို့ရဲ့ရေစက်က မသေး။ ဘဝ အစက်စက်တိုင်းမှာ ကျွန်မကို ကယ်တင်မဲ့သူက ဂျောင်ဂူဝန်းပဲဖြစ်နေမလား ကျွန်မကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။
"အဲ့လိုကြီးမကြည့်နေပါနဲ့"
ဒိုဟီးဆန့်ကျင်ဘက်သို့လှည့်အိပ်လိုက်သည်။
"ကိုယ့်ယောက်ျားက ကြည့်တာပဲကို"
"တော်ပြီထတော့မယ်"
ဒိုဟီးထသည့် အချိန်တွင်ဂူဝန်းက လက်ကောက်ဝတ်ကနေလက်ကိုင်လိုက်၍ ဒိုဟီးအိပ်ရာပေါ်သို့ပြန်ကျလာချိန် ဂူဝန်းကဖက်ကာ အိပ်လိုက်သည်။
"ငါးမိနစ်ပဲ"
ရယ်သံများနဲ့ပြည့်နက်၍ ထိုတိုက်ခန်း"
"အလုပ်ရှိတာမို့ ဒီလောက်နဲ့ပဲ"
"ခန ခန ခန.. မေးမယ် အလုပ်လား မင်းယောက်ျားလား"
"အလုပ်""အလုပ်ကြီးပဲလုပ်နေတာ အလုပ်နဲ့ပဲလက်ထပ်လိုက်ပါတော့လား"
ဆူပုတ်နေသည့် ဂူဝန်းရဲ့ပါးကို ဒိုဟီးဖွဖွလေးညစ်လိုက်သည်။
"ကုမ္ပဏီ နှစ်ပတ်လည်ဆိုပြီးမသွားရင်ရော
ဒိုဟီးအနောက်က ပြေးလိုက်ကာ
"ဒိုဒို..ဒိုဒို ဒိုဒို"
"မရပါဘူးနော်"
ပြီးနောက် ရေချိုး၍ပြင်ဆင်ကာ ကုမ္မဏီသို့သွားဖို့ပြငသည်။
"ပြီးပြီလား"
"အောန် ပြီးပြီ"
"သွားမယ်"
တိုက်ခန်းအောက်ထပ်သို့ရောက်သော် ဂူဝန်း ဒိုဟီးအတွက်ကားတံခါးဖွင့်ပေးပြီး သူကိုယ်တိုင်လည်းဝင်လိုက်သည်။
*ဖုန်းသံ*
"အတွင်းရေးမှုးရှင်း"
"ကုမ္ပဏီရဲ့ အစည်းအဝေးကို နေ့လည်သို့အချိန်ပြောင်းပေးလိုက်ပါပြီ CEO"
YOU ARE READING
My Demon
Fantasy"ဘယ်အရာတွေပဲကြုံတွေ့လာပါစေ ငါကတော့ကံကြမ္မာနဲ့မကစားဘူး တစ်ချို့အရာတွေကဖြစ်သင့်လို့ဖြစ်လာခဲ့တာပဲ ဂျောင်ဂူဝန်း" "ကံကြမ္မာဆိုတာ မင်းနဲ့ပတ်သတ်လာရင် အသေးအမွှားလေးတောင် ငါ့အတွက်အရေးမပါတော့တာမို့ ဒိုဒိုဟီး"