CN (U)

10 1 0
                                    

မနက်ခင်း ဝေလီ​ဝေလင်းအချိန်၌ Church ကျောင်းတွင်းရှိ ဓမ္မတေးသံများ ပျံ့လွင့်လာသံနှင့်အတူ ထိုဝန်းအတွင်းတွင်ရှိသော မိဘမဲ့ကလေးများကလည်း တူညီဝတ်စုံကလေးများဝတ်ကာ တက်ကြွစွာ သွားလာလှုပ်ရှားနေကြလေ၏။ ကလေးကြီးများကမူ စစ္စတာများနှင့်အတူ အလှူရှင်များလာလျှင် ပြင်ဆင်လေ့ရှိသည်များ ကူပြင်ပေးနေရင်း ကလေးငယ်လေးများ၏ ဝေလျာဝစ္စများကိုလည်း ကူပြင်ပေးနေကြလေ၏။ အချို့သော ကလေးငယ်များမှာတော့ ထိုဝန်းထဲ၌ပင်ဘဲ သွက်လက်စွာ ပြေးလွှားဆော့ကစားနေကြလေ၏။ အေးချမ်းကြည်နူးဖွယ်အတိပင် ဖြစ်ပေ၏။

ထိုကလေးများထဲ၌ ထူးခြားစွာ ဂီတပညာပါသော ၅နှစ်အရွယ် ကလေးငယ်လေးတစ်ဦးကတော့ သွယ်လျသောလက်ဖြူဖြူကလေးများက စန္ဒယားခလုတ်ပေါ်တွင် ပြေးလွှားကာ သံစဉ်တကျတီးခတ်နေရင်း ဓမ္မတေးသံသာများကို ဦးဆောင်ကာ နှုတ်ခမ်းဖူးဖူးလေးများက ရွတ်ဆိုနေလေ၏။ ဟုတ်ပါသည် မနက်ခင်းတွင် စိတ်ကိုလန်းဆန်းအေးမြစေသော ဓမ္မတေးသံများကို ပီသစွာ ဦးဆောင်ရွတ်ဆိုနေသူလေးမှာ အလွန်ပင် ချစ်စရာကောင်းလှသော ဖြူစင်သည့် ကလေးငယ်လေးပင် ဖြစ်ပေသည်။

ထိုကလေး အခုလို အေးချမ်းစွာ ရွတ်ဆိုနေသည်ကို လာရောက်နှောင့်ယှက်သူက အလျင်စလိုပါဘဲ ဝတ်ပြုရာ ခမ်းမထဲသို့ ဝရုန်းသုန်းကာ ဝင်ရောက်လာကာ

"ဖာသာခေါ်ခိုင်းလို့ လာခေါ်တာ တိမ်ယံ.." ဆိုကာအော်ပြေးနေရင်းမှ တဝက်တပြတ်နဲ့ ဒူးပေါ်လက်ထောက်ကာ အမောဖြေနေလေ၏။

ထိုအခါ စန္ဒယားတီးနေပါသော လက်ဖွေးဖွေးကလေးများက တန့်ခနဲရပ်တန့်လိုက်ကာ အခြားသောဓမ္မတေးရွတ်ဆိုနေသောကလေးငယ်များနှင့် စစ္စတာများကလည်း သံပြိုင်ရွတ်ဆိုနေသည့်အမှုကို ရပ်တန့်လိုက်လေ၏။

ထို့နောက် တိမ်ယံ ဆိုသည့် ဦးဆောင်ရွတ်ဆိုနေသူ ချစ်စရာကလေးငယ်မှာ မျက်ဝန်းဝိုင်းလေးဖြင့် သက်ကြီးပိုင်းထဲမှ ဖြစ်ဟန်တူသော စစ္စတာကြီးကို မော့ကြည့်ကာ ခွင့်ပြုချက်တောင်းတော့ စစ္စတာက ခေါင်းတချက်တတ်ပြကာ ခွင့်ပြုလိုက်လေ၏။

ထိုအခါမှ လာခေါ်သူကလေးကြီးသုံးယောက်က တိမ်ယံကို ဦးဆောင်ကာ ခေါ်ထုတ်သွားလေတော့၏။ ဖာသာခေါ်ခိုင်းသည်ဟု အကြောင်းပြပြီးခေါ်လာလိုက်တာ ဝန်း၏နောက်ဖက်ခြမ်း သစ်ပင်ပန်းမန်များစိုက်ပျိုးထားရာနေရာသို့ပင် ရောက်လာလေ၏။ စိတ်ထဲတမျိုးဖြစ်လာ၍ မေးလိုက်တော့

Choco NightWhere stories live. Discover now