နှလုံးသားအလိုကိုမလိုက်ခဲ့လျှင် ထိုသူကိုသူမချစ်မိခဲ့လျှင် ယခုဆိုရင်သူ့ဘဝမှာ ပူပန်ခြင်းတွေရှိနေမည်မထင် ဟုတ်၏ .. သူဟာတကယ်ရူးပါဘိ သာယာလှပတဲ့ညနေခင်းလို့ ပန်းချီဆရာတွေခေါင်းစဉ်တပ်လေ့ရှိတဲ့ နေဝင်ရီတယောက သူ့အတွက်အိမ်ပြန်လမ်းမှာ အဖော်မဲ့နေတဲ့ ငှက်တစ်ကောင်ထပ် ဆိုးရွားစွာအကျည်းတန်လွန်းတယ် ဒီလိုမျိုး ဒုတိယထပ်ရဲ့ဟင်းလင်းပြင် တစ်နည်း လသာဆောင်မှာ စောပြန်လာပါ့မယ်ဟု ကတိပေးခဲ့ဖူးသူယခုဘယ်အချိန်ပြန်လာမယ်မှန်းမသိတဲ့ လူတစ်ယောက်ကိုစောင့်နေရတာက ထင်တာထပ်ကိုပိုရူးမိုက်တာပဲ ၊ ဒီလုပ်ရပ်တွေကို သူဘယ်လောက်ကြာကြာ လုပ်ခဲ့ပြီးပြီလည်း ? သူ့အတွက်အချစ်တွေ မရှိတဲ့သူစီကိုမှကြိမ်ဖန်များစွာ တိုးဝင်ကပ်တွယ်နေခဲ့တာ ဟင်အင်း သူမရေတွက်ချင်တော့ပါ ။
တွေးလေနစ်လေနဲ့ သူ့ရဲ့အမြင်အာရုံတွေနဲ့အတူ မှောင်ရီစပျိုးလာတဲ့ ညနေခင်းကြောင့်
မျက်ဝန်းအိမ်ထက် တစ်စတစ်စပိုမို စီးကျလာတဲ့ မျက်ရည်အမည်ရှိ ကြည်လဲ့လဲ့အရည်တို့အား လက်ခုံဖြင့်ဆွဲပွတ်လိုက်ရင်း ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် နေမင်းကြီးကို ကျောခိုင်းပြီး သူလှည့်ထွက်လာခဲ့တယ် ။နေမင်းကြီးကိုဤကဲ့သို့ ကျောခိုင်းသလို အဲ့ဒီအမျိုးသားကိုလည်း သူကျောခိုင်းနိုင်ခဲ့ရင် .. ? သို့သော် သူ့ရဲ့နှလုံးသားက သူ့ထပ်ပိုရူးမိုက်လွန်းသည်လား ဇွတ်တရွတ်ဆန်သည်လား ဝေခွဲမတတ်ပါ အမြဲတမ်းပျော့ညံ့နေခဲ့လို့ သူစိတ်ကုန်နေတာလည်း ကြာခဲ့ပြီဖြစ်သည်မှာ မလွဲမသွေပါပဲ ။
လသာဆောင်မှဆင်းလို့ သူအိမ်ကြီးထဲပြန်ဝင်ခဲ့တယ် ကြီးလွန်းကျယ်လွန်းပါတယ်ဆိုတဲ့ ထိုအိမ်ကြီးက လက်ထပ်ပြီးချိန်ကတည်းက သူတို့နှစ်ယောက်တည်းနေလာသည်မှာ ၂ နှစ်ခန့်ရှိနီး
ပါးလေပြီဖြစ်သည် ၊ အိမ်ရဲ့မျက်နှာကျက်အစ နံရံဒေါင့်တွေနဲ့ သူထားနေကြပန်းအိုးတွေထဲက နှင်းဆီဖြူတွေအဆုံး နေရာလပ်မကျန် သူဟာအလွတ်ရနေပါသော်လည်း သူနဲ့မတူသည့် အမျိုးသားမှာ ထိုအိမ်ကိုအာရုံထဲတောင်ရှိပုံမရ လာချင်တဲ့အချိန်လာလို့ နေချင်သလိုနေတတ်လွန်းကာ သူ့ကိုဂရုမစိုက်တဲ့အိမ်ထောင်ဖက် ... သူ့အတွက်နစ်နာသွားခဲ့တာလား ၊ ဒီလိုပြောရအောင်လည်း ယောင်္ကျားနှစ်ယောက် အိမ်ထောင်ပြု၍ တစ်အိုးတစ်အိမ်ထူထောင်ကြသည်မှာ ဒီခေတ်ကြီးထဲ အထူးအဆန်းမဟုတ် ဒါကိုဘာကြောင့်များရင့်သီးရသနည်း