အသားခပ်ညိုညို အရပ် ၆ ပေ ၃ ရှိတဲ့ သူ့ယောင်္ကျားကိုသူအတော်အတန် ကြာအောင်ငေးနေမိသည် ဘယ်အချိန်ဖြစ်ဖြစ် သူ့နှလုံးသားကိုဆွဲကိုင်လှုပ်နိုင်သူက အမြဲတမ်းဒီလူကြီးတစ်ယောက်ပဲ ရှိတာကိုသူတစ်ယောက်သာ ကောင်းကောင်းသိတယ်
" ကိုယ်ဒီနေ့မနက်စာ စားရမှာလား ? "
" အယ် .. စား .. စားရမှာပါ ကျွန်တော်ယူလာပေးမယ်နော် "
ဒီကလေး သိပ်ကိုမှအူတူတူအတတ နိုင်လွန်းပြီးဖြူစင်လွန်းတယ် ပြောလိုက်ကာမှ မျက်လုံးလေးကလယ်ကလယ်နဲ့ ပြာပြာသလဲလဲ မုန့်ပန်းကန်တွေယူလာချပြီး သူ့အတွက်ကော်ဖီလာထည့်ပေးနေလေရဲ့ ၊ ဒီလိုပြောလို့လည်း လရောင်တို့ကမီးဖိုချောင် ကိစ္စကျွမ်းကျင်ပိုင်နိုင်သည်မဟုတ် အသင့်စား Readymade ပေါင်မုန့် ကိတ်မုန့် ဒါမှမဟုတ် ခေါက်ဆွဲပြုတ် သူတို့ယူပြီးကတည်းက မနက်စာကိုဒီလိုမျိုးလုပ်ကျွေးလာခဲ့တာ စားနေနိုင်တဲ့သူ့ကိုယ်သူလည်း အံ့ဩမိပါသည် ထမင်းစားရင်တောင် Delivery ပဲမှာစားရတာက သူတို့နှစ်ယောက်လုံးပင် ။
လရောင်ကော်ဖီထည့်ပေးပြီးသည်နှင့် မျက်နှာချင်းဆိုင်ခုံမှာ ပုံမှန်နေ့တွေအတိုင်းဝင်ထိုင်ခဲ့ပြီး ပုံမှန်အတိုင်းပါပဲသူ့မိုင်လိုဘူးကို သူဖောက်သောက်နေလေရဲ့
မိုင်လိုသောက်ရတာသဘောကျပြီး ခေါက်ဆွဲပြုတ်စားရတာ ကြိုက်တဲ့ကောင်လေးရဲ့ နှုတ်ခမ်းတွေက သူ့ချစ်ရသူကိုတော့ နမ်းဖူးသေး ။
မိုင်လိုနဲ့ခေါက်ဆွဲပြုတ်ဟာ သူ့အတွက်တော့အကောင်းဆုံး မနက်စာဖြစ်ပြီး ကိုကိုကတော့ကလေးဆန်တယ်လို့ တစ်ခါပြောဖူးတာသူမှတ်မိနေခဲ့တယ် အဲ့ဒီတုန်းကသူပြန်စွာဖို့ အခွင့်မရေးမရခဲ့တာကြောင့် နောက်တစ်ကြိမ်ထပ်ပြောလာခဲ့ရင် အားရပါးရပြောပစ်မယ်ဟု အားခဲထားခဲ့တာလည်း အတော်ကြာပါပြီ သို့သော် သူမပြောရဲပေ ။
ကော်ဖီသောက်ရန်ပြင်နေသူကို လရောင်မဝံ့မရဲကြည့်လိုက်ပြီးနောက်
" ဟို ... ခေါင်းကိုက်နေရင် ကော်ဖီအစားကျွန်တော် သံပုရာရည်ဖျော်ပေးရမလား ? "
" ရတယ် ကိုယ်ကော်ဖီပဲသောက်လိုက်မယ် "
" ဟုတ် "