1

21.2K 180 0
                                    

မောင့်သည်းညှာ - 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

Rated scence - JoeZ👿
Plot - Sky💙

နွေဦးရာသီအစမို့ မနက်မလင်းခင်ဆို ထန်းတောတစ်လျှောက်လုံးမြှူတွေကို ရစ်စိုင်းနေလေ့ရှိကြသည်။ထန်းရည်အိုးတွေချရန် ထန်းတက်သမားတွေလည်းပြင်ဆင်နေကြ၏။ ကလေးငယ်တစ်အုပ်ကလည်း တောထဲဝင်ကစားဖို့ တာဆူနေကြပြီဖြစ်သည်။  ရွာရဲ့ထုံးစံအတိုင်း မနက်လင်စဆို သိပ်အေးသည်၊ ထို့ကြောင့် ကောက်ရိုးနှင့် အရွက်ခြောက် သစ်ကိုင်းခြောက်များကို ပုံပြီး မီးစာလှုံကြ၏။ မီးခိုးငွေ့တွေတလူလူနှင်ါ ပတ်ဝန်းကျင်တစ်ခုလုံး အုပ်စိုင်းလျက်ရှိသည်။ မနက်ပိုင်း မုန့်သည်တွေက စျေးထဲ၌ စည်ကားသိုက်မြိုက်လျက်ရှိနေပြီ။ စျေးဝယ်ထွက်မည့် သူတစ်ချို့ကပြင်ဆင်လျက်

ထိုအချိန်၌ သည်းညှာလည်း မနက်ပိုင်းတစ်ကိုယ်ရေ သန့်ရှင်းလို့အပြီး ဘုရားဆွမ်းကပ်ပြီး ဘုရားကန်တော့ပြီး၏။ ထို့နောက်မှာတော့ သံဃာတော်များအား ဆွမ်းလောင်းရန် ခူးခပ်ပြီး၌ မိဘတွေအတွက် မနက်စာပြင်ဆင်ပေးသည်။

ထမင်းကြမ်းခဲကို ဆီ၊ဆားဖြင့်နယ်ရင်း ပဲပြုတ်ကလေးဖြူးကာ စာပွဲပေါ်သို့အဆင်သင့်တင်လိုက်၏။ အုပ်စောင်းဖြင့်အုပ်ရင်း သည်းညှာကတော့ စျေးသို့ထွက်လာတော့သည်။ ခြံအပြင်သို့ရောက်သည်နှင့် အဆင်သင့်သလို စောင်နေသည့်လူက သည်းညှာလက်ထဲက စျေးခြင်းတောင်းလေးအားလာလုကိုင်လျင်

"မောင်...."

"သည်းညှာကိုစောင့်နေတာ ဒီနေ့နောက်ကျလိုက်တာ"

"ညက အစ်ကိုကြီးတို့စားသောက်ထားတဲ့ အိုးခွက်တွေ ထဆေးနေရလို့လေ.. ဒါနဲ့ မောင်က ယာထဲမသွားဘူးလား"

"သွားမှာပါ မောင့်သည်းညှာလေးကို တွေ့ချင်လို့ခဏလာခဲ့တာ"

"ဟင်.... မောင်ကတော့လေ"

"သည်းညှာ"

"ဟင်..."

"မောင်တို့လက်ထပ်ကြရအောင်လား မောင်သည်းညှာနဲ့အတူနေချင်လှပြီ",

မောင့်သည်းညှာWhere stories live. Discover now