Chapter 1

97 13 1
                                    

ငါချန်းမီကို စစ်ဆေးခန်းထဲမှာပထမဆုံးတွေ့လိုက်ရချိန်မှာ သူကအရိုးစုတစ်ခုလိုပိန်ပါးနေပြီး
လေပြင်းတစ်ချက်ကတောင် သူ့အရိုးတွေကို ကြမ်းပြင်အနှံ့မှာ ပြန့်ကြဲသွားစေနိုင်လောက်တယ်

ငါကသူ့နာမည်ကိုခေါ်လိုက်ပေမယ့် သူကငါ့ကိုတုန့်ပြန်မလာခဲ့ဘူး သူ့ရဲ့အားနည်းလှတဲ့ခန္ဓာကိုယ်ကို စစ်ဆေးရေးကုလားထိုင်ပေါ်မှာ မလှုပ်မရှားကွေးထားပြီး အားနည်းလှတဲ့ဝင်သက်ထွက်သက်ကလွဲရင် လှုပ်ရှားမှုတစ်စုံတစ်ရာရှိမနေခဲ့

"ချန်းမီ"

နောက်ဆုံးမှာတော့ ငါသူ့ကိုခေါ်နေတာကိုကြားသွားတဲ့ပုံပါပဲ သူ့ခန္ဓာကိုယ်ကအနည်းငယ်လှုပ်ယမ်းသွားပြီး ခေါင်းကိုဖြည်းညှင်းစွာနဲ့မော့လာခဲ့တယ် သူငါ့ကိုမြင်သွားခဲ့ချိန်မှာတော့ မမျှော်လင့်ထားစွာနဲ့ ခပ်ရေးရေးအလင်းရောင်လေးက သူ့ရဲ့မှုန်မှိုင်းအသက်မဲဲ့နေတဲ့မျက်ဝန်းအတွင်းမှာ ထွက်ပေါ်လာခဲ့တော့တယ်

ဒါပေမယ့်လည်း ကြွေကျလာတဲ့ကြယ်တစ်ပွင့်လို--အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့တယ်

"ချန်းမီ"

ငါသူ့ကိုထပ်ခေါ်လိုက်တယ်

ကျောက်တုံးတစ်ခုကိုထွင်းထုနေသလို သူကဖြည်းညှင်းစွာမျက်တောင်ခတ်ရင်း ငါ့ရဲ့တည်ရှိမှုကို အသိအမှတ်ပြုလာခဲ့တယ်

"မင်းလာအဖမ်းခံတဲ့အကြောင်း ပြောပြပါဦး"

သူကချက်ချင်းပြန်ဖြေမလာခဲ့ပေမယ့် ငါ့ကိုပဲဆက်တိုင် စိုက်ကြည့်နေခဲ့တယ် သူ့မျက်ဝန်းအတွင်းကမှုန်ဝါးဝါးအလင်းရောင်က ပိုပြီးပြင်းထန်လာပြီး သေနတ်ပြောင်းကနေထွက်လာတဲ့ကျည်ဆန်တစ်ခုရဲ့မီးပွားလို တောက်ပလာတော့တယ်

အချိန်အကြာကြီးရပ်တန့်နေပြီးနောက်မှာ သူကပြောလာခဲ့တယ်

"အရာရှိ ခင်ဗျားကကျွန်တော့်ညီငယ်လေးနဲ့အရမ်းတူတယ်"

ငါကအံ့သြသွားသလို ကျေနပ်သွားခဲ့မိတယ် ဒါကငါချန်းမီကို စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရတာဖြစ်ပြီး ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ချိန်ကတည်းက နှစ်ပတ်အတွင်း သူပထမဆုံးစကားပြောလာခြင်းလည်းဖြစ်တယ်

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

陈米的一生 || ဘာသာပြန်Where stories live. Discover now