-Only If You Say Yes-
Unicode
" ဟဲ့ ဟိုမှာ ငါ့မင်းသားလေး လာပြီး "
" ကမ မရွနဲ့ အဲ့တာ ငါ့အပိုင်ပါနော် "
" ယားပြန်ပြီး နင့်အပိုင်လို့ပြောရအောင် သူ့ကနင့်ကိုတောင် သိလို့လား "
" အခုမသိလည်း တစ်နေ့ကျသိမှပေါ့ "
" အဲ့နေ့က နင့်အရိုးဆွေးတဲ့နေ့လား "
" ဟဲ့ ဖတ် ဖတ် လွဲပါစေ ဖယ်ပါစေ ပါးချမယ်နော် ကမ ဘာစကားတွေလည်း ငါ့က ပတ်ခ်ဆောင်းဟွန်းနဲ့ ပေါင်းဖက်ရအုန်းမှာ "
" စိတ်ကူးတွေနဲ့ ရူးမနေနဲ့ သေပါသွားအုန်းမယ် "
" နင့်ကရော အိုပါးကိုမကြိုက်လို့လား "
" ချစ်တာ မကြိုက်ဘူး "
" နင့်လည်း အရူးမပဲ "
ကောင်မလေးတစ်ချို့ရဲ့ သူ့ကိုသဘောကျတဲ့ အကြောင်း ကြိုက်တဲ့အကြောင်းကို မသိမသာ ပြောနေသော အသံများကို နေ့တိုင်းနီးပါး နေရာတိုင်နီးပါးကြားနေရသောကြောင့် ရိုးအီနေပြီး...။
" လာတာ နောက်ကျတယ် "
" အင်း "
" ဘေဘီ စိတ်ဆိုးနေတယ်နော် ကိုကို "
" ဆိုးလေ "
" ဟာ ကိုကိုချော့လေ "
" မင်း ဘာသာစိတ်ဆိုးတာပဲ ငါ့ကချော့ရမှလား "
" ကိုကို ! "
" ပြတ်ပြီး အိုကေ "
ထို့နောက် စားပွဲဝိုင်းမှထထွက်ကာ နောက်ကောင်မလေးတစ်ယောက်ကို မျက်စိမှိတ်ပြလိုက်တော့ ထိုကောင်မလေးဟာ ချက်ချင်းပင် သူ့လက်မောင်းအား လာဖက်တွယ်သည်။
ဒီလိုပဲလေ ပတ်ခ်ဆောင်းဟွန်း ဘဝမှာ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့ အသာလေးပဲ...။
ကျန်ခဲ့တဲ့ ကောင်မလေးကတော့ မျက်ရည်နဲ့မျက်ခွက်ပင်...။
ထိုကောင်မလေးကိုကြည့်ကာ ဟက်ခနဲရယ်ရင်း...။
' မိန်းမတွေ မယာများ သိပ်ကြောက်ဖို့ ကောင်းတယ် မိန်းကလေးတွေအားလုံး အတူတူနဲ့အနူနူပင် ' ဟူ၍ပင် စိတ်ထဲကရေရွတ်လိုက်မိသည်။
YOU ARE READING
𝑶𝒏𝒍𝒚 𝑰𝒇 𝒀𝒐𝒖 𝑺𝒂𝒚 𝒀𝒆𝒔