"လမင်းသော်တာ!!""အခုချက်ချင်းအိပ်ရာကနေထစမ်း"
ဒါကတော့မနက်တိုင်းကြားနေရတဲ့သဘာဝရဲ့နိုးစက်အော်သံလေးပါဘဲ။ကျွန်တော်ရဲ့ချစ်ရပါသော်နှစ်ယောက်မရှိတဲ့မွှေးမိခင်ဒေါ်စိန်ကြည်ရဲ့အသံလေးပါဘဲ။
"အခုချက်ချင်းထစမ်း..လမင်းသော်တာ..အသက်ကဖြင့်ဖင်နားကပ်နေပြီးမနက်တိုင်းနိုးနေရပါလာ..Masterလမင်းသော်တာရေ..အခုချက်ချင်းထ"သူမရဲ့သားလေးဟာလေမနက်တိုင်းဘယ်လောက်အော်ခေါ်ပြီးနိုးနိုးအင်းအဲနဲ့ပြန်အိပ်သွားရော်..ဟော်အခုလည့်ကြည့်အင်းအဲဆိုပြီးပြန်အိပ်သွားရော်။လမင်းသော်သာဆို့တဲ့ကလေးဟာလေတစ်ဦးတည်းသောသားဖြစ်သာကြောင့်အိမ်ကလူတိုင်းကသူစိတ်အလိုလိုက်ပေးကြတာချည်းဘဲ။သူကတစ်ဆိုတစ်မှရနှစ်ဘယ်တော်မှမကူးတဲ့သားတော်မောင်။ကျွန်မတို့မျိုးရိုးကလည်းအထက်တန်းစားမျိုးရိုးမြင့်လည်းဖြစ်သာကြောင့်ကျွန်မရဲ့သားဟာလေငယ်ငယ်ကတည်းကဘယ်တစ်ယောက်ကိုမှလူလို့ထင်တာမဟုတ်ဘူး။သူကြောက်ရတဲ့သူဆိုလိုသူ့အမေကျွန်မဘဲရှိတယ်။ဒီလိုဖြစ်လာတာကျွန်မအမှားကြောင့်လည်းပါပါတယ်။သူလေးငယ်ငယ်တုန်းကကျွန်မအဖေသူ့ရဲ့အဖိုးဆီခဏလေးသွားထားခဲမိတာစရိုက်ပြောင်းပြီးပြန်လာခဲ့တယ်လေ။ကျွန်မအထင်ကျွန်မလည်းသူ့အဖိုးပြောင်းလဲသွားပြီးလို့ထင်ထားခဲ့တာဘယ်ဟုတ်မလဲ။ငယ်ငယ်ရွယ်ရွယ်ကျွန်မရဲ့သားကိုဘယ်လိုတွေbrain wishလုပ်ထားလဲမသိအခုထိဘာဘဲ။
"ထတော့..လမင်းသော်တာ"
"အင်း..အမေ.."ဆိုပြီးပြန်အိပ်သွားခဲ့ရော်..ဒီတော့ကျွန်မလိုအရမ်းစိတ်မရှည်တတ်တဲ့လူကလည်းစိတ်တိုလာပြီးတဘုန်းဘုန်းရိုက်ပါတော့တယ်။
"အား..အမေဘာလို့သားကိုလာရိုက်နေတာလဲ"
"ဘာလို့ဟုတ်လားအခုထိအိပ်ရာကမထသေးလို့ရိုက်ရတာလေ..ထတော့လို့ပြောနေတာဘယ်နှစ်ရှိနေပြီလဲ..ဒီနေမင်းအဖေနဲ့companyမှာလိုက်ကူရမယ်ဆိုတာသိတယ်လား"
“သိပါတယ်အမေကလည်းဒီလောက်စောနေသေးတာကို…”
“စောစောမစောစောပြောမနေနဲ့ထ..”လို့ပြောခဲ့ပြီးအမေကထွက်သွားတော့တယ်။
ကျွန်တော်ကလည်းထချင်မထချင်နဲ့ထပြီးရေချိုးခန်းဝင်သွားလိုက်တော့တယ်။သိကြသလိုဘဲကျွန်တော်နာမည်ကလမင်းသော်တာကျွန်တော်ဟာတဦးတည်းတော်သားဖြစ်သလိုအရမ်းချမ်းသာတဲ့အထက်တန်းစားမိသားစုထဲကဖြစ်တယ်။ပြီးတော့ကျွန်တော်ဟာငယ်ငယ်ကတည်းကအဖိုးနဲ့နေခဲ့လို့အဖိုးပြောခဲ့တဲ့စကားတွေကြောင့်ကျွန်တော်ဟာကိုယ်ထက်နိမ့်ကျတဲ့သူတွေကိုမကြိုက်ဘူး။ဒါကြောင့်ကျွန်တော်နဲ့ပေါင်းတဲ့သူတွေကလည်းအဆင့်အတန်းတစ်ခုရှိကြတဲ့သူတွေဘဲဖြစ်ကြတယ်။ဒီလိုနဲ့ကျွန်တော်ဟာပြင်ဆင်ပြီးအိမ်အောက်ဆင်းခဲ့လိုက်တယ်။ကျွန်တော်အိမ်ဟာဆိုရင်လည်းနှစ်ထပ်တိုက်နဲ့အရမ်းကိုခမ်းညားနန်းဆန်လှတဲ့နန်းတော်ကြီးနဲ့တူသလိုရှိတဲ့အိမ်ဖြစ်တယ်။ကျွန်တော်ဟာကျဉ်းကျဉ်းကျပ်ကျပ်နေရာတွေမှာလုံးဝနေရတာမကြိုက်ပါဘူး။အခုကျွန်တော်ဟာအဖေအလုပ်တွေကူပေးရမယ်ဆိုတဲ့အမေရဲ့အမိန့်ကြောင့်သားလုပ်ကူရတော့မယ်။တကယ်တော့ကျွန်တော်ဟာအခုမှအသက်နှစ်ဆယ်ဘဲရှိသေးပါတယ်ဒါပေမဲ့ကျွန်တော်ဟာဉာဏ်ကောင်းတာကြောင့်ကျောင်းတွေကျော်တက်ပြီးကျောင်းမြန်မြန်ပြီးခဲ့ပါတယ်။
ကျွန်တော်အိမ်အောက်ရောက်တော့ကျွန်တော်ထမင်းစားခန်းထဲဝင်ထိုင်လိုက်တယ်။ဒီလိုနဲ့ကျွန်တော်စစားလိုက်တော့ဟင်းကနည်းနည်းငန်နေတာကြောင့်….
“မမြ..လာခဲ့ဦး..ဟင်းကိုဘယ်လိုချက်ထားတာလည်း..ငန်တာနည်းနည်းမှမကြိုက်ဘူးလို့ပြောထားတယ်လေ။အလုပ်ကိုဘယ်လိုတွေလုပ်နေတာလဲ။"
"ဟို..အကိုလေးမမြတောင်းပန်ပါတယ်..ဆား..ဆားထည့်တာ..က"
"တိတ်စမ်း...စကားပြောတာကထစ်ထစ်နဲ့...အလုပ်ကိုသေချာလုပ်စမ်းပါမနက်စောစောစီးစီးစိတ်မတိုချင်ပါဘူးဆိုနေမှ..သွားတော့..ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ"
"ဟုတ်..ဟုတ်အကိုလေး"
"တောက်"
"ဟယ်တော်..သားလေးရယ်ဘယ်လိုတွေဖြစ်နေတာလဲ..စိတ်လျော့ထားပါ..သူတို့လည်းတစ်ခါတစ်လေတော့မှားတတ်ပါတယ်လေ..."
"မလျော့နိုင်ဘူးအမေ..သူတို့ကိုကျွန်တော်တို့ကပိုက်ဆံပေးပီးအလုပ်လုပ်ထားခိုင်းတာလေအဲဒါကိုဒါတောင်ကောင်းကောင်းမလုပ်နိုင်ရင်..ကျွန်တော်တို့ပိုက်ဆံပေးထားတာရှုံးတာပေါ့"
"မင်းကိုတော့လေအမေပြောကိုမပြောချင်တော့..သားတစ်နေ့တော့ပိုက်ဆံဆိုတာအရာရာမဟုတ်ဘူးဆိုတာနားလည်တဲ့နေ့တော့ရှီလာမှာပါ"
"ရှိလာမှလည်းမဟုတ်ဘူး..အမေ..ဒီခေတ်ကပိုက်ဆံတာရှိရင်ဘာမဆိုဖြစ်နိုင်တဲ့ခေတ်ရောက်နေပြီဆိုတာအမေသိလား..ချစ်ခြင်းမေတ္တာကိုတောင်ပိုက်ဆံနဲ့ဝယ်လို့ရနိုင်ပြီးဆိုတာအမေမသိပါဘူး။တကယ်လို့ကျွန်တော်တို့မှာပိုက်ဆံမရှိရင်ဘယ်သူမှစောက်ဂရုစိုက်မှာမဟုတ်ဘူးဆိုတာအမေသိလား..ကျစ်စိတ်ရှုပ်တာအမေကလည်း...သားသွားပြီး..အဖေဆီ"
"ဟူး..သားလေးရယ်"
ဒီလိုနဲ့ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့companyဆီထွက်လားခဲ့တော့တယ်။
Companyရောက်တော့ကျွန်တော်ကိုဒီcompanyရဲ့သားဆိုတာသိတာကြောင့်အားလုံးကကျွန်တော်ကိုခေါင်းငုံနှုတ်ဆက်လာကြတယ်။ကျွန်တော်ကလည်းသူတို့တွေကိုဖြတ်ကျော်ပြီးCEOတို့သီးသန့်အသုံးပြုလို့ရတဲ့ဓါတ်လှေကားနဲ့အဖေဆီသွားလိုက်တယ်။
အဖေရုံးခန်းရှေ့ရောက်တော့...တွေ့လိုက်ရတဲ့လူကြောင့်..နဂိုကစိတ်ရှုပ်နေရတဲ့ကြားထဲ့နှစ်ဆပိုပြီးစိဆ်ရှုပ်လားရတော့တယ်။
YOU ARE READING
ကိုယ်ရဲ့လမင်းလေး
Fantasyမပိုင်ဆိုင်ရလည်းဖြစ်ပါတယ်ကိုယ့်ရဲ့လမင်းလေးရယ်..မင်းအမြဲပျော်ရွှင်ဖို့ကိုယ်ဆုတောင်းပေးပါတယ် [နေမင်းကိုကို] ခင်ဗျာလို့အဆင့်ကကျွန်တော်နဲ့တန်လို့လား!?တော်တော်စိတ်ရှုပ်ဖို့ကောင်းတဲ့လူ... [ လမင်းသော်တာ]