- 1.1 -

9 2 0
                                    

Unicode

Chapter (1.1) - ပြိုင်ကားမောင်သမားနှင့် စူပါမော်ဒယ်

Autodromo Nazionale Monza ဟာ အီတလီ နိုင်ငံ၊ မီလန်မြို့၏ မြောက်ဘက်၊ monza မြို့ အနီးမှာ ရှိသော ကားပြိုင်ကွင်း တစ်ခု ဖြစ်ပါသည်။ ပရိတ်သတ် 113,860 ထိ ဝင်ဆံ့ပြီး လက်ရှိမှာတော့ World motorcycle championship ကို လက်ခံ ကျင်းပလျက် ရှိသည်။

အစိမ်းရောင်ကား၏ အရိပ်သည် လျှပ်စီးလက်သော အခြားကားများကို ဖြတ်ကျော်သွားကာ သူ့ရှေ့မှ No. 42 ခရမ်းရောင်ကားရဲ့ အနောက်ကနေ ကပ်လိုက်သွားခဲ့သည်။

ပြေးလမ်း တစ်ပတ်တည်းသာ ကျန်တော့ပြီး ပန်းတိုင် မဝင်မှီ No. 42 ကို ကျော်တက်ရမည် ဖြစ်သည်။

နောက်ဆုံးမှာတော့ ‌လမ်းကွေ့ ရှိနေသည့် အတွက် အခွင့်အရေးကို အပြည့်အဝ ရယူပြီး No. 85 သည် No. 42 ခရမ်းရောင်ကားကို ကား ကိုယ်ထည်တစ်ဝက် ကျော်တက်ခဲ့သည်။ အဲ့ဒီနောက်မှာတော့ ခရမ်းရောက်ကားက အနောက်ကနေ နီးနီးကပ်ကပ် လိုက်လာပြီး နောက်လမ်းကွေ့ တစ်ခုမှာ ကျော်တက်ဖို့ရန် ပြင်ဆင်နေသည်။

No. 85 က No. 42 ရဲ့ ကျော်တက်ခြင်းကို နှောက်ယှက်ဖို့ ‌အတွက် သူရဲ့ ကားအမြီးကို လှုပ် ပြီး ကျွမ်းကျင်တဲ့နည်းဗျူဟာနဲ့ အရှိန်တိုးမြှင့်ခဲ့တယ်။ တကယ်တမ်းမှာတော့ အရှိန်တင်ပြီး မောင်းနှင်စေစဥ်မှာ အမြီးကို လှုပ်ရမ်းခြင်းဟာ အလွန်အန္တရာယ် များလှပါတယ်။ တကယ်လို့ ကားကိုယ်တည် တစ်ခုခုသာ ပြုတ်ထွက်ခဲ့မယ် ဆိုရင် လူကို ထိခိုက်ဒဏ်ရာရ ဖြစ်စေနိုင်သော်လည်း ရှေ့ကလူတွေရဲ့ ရလဒ်နဲ့ အဆင့်တွေကိုလည်း သက်ရောက်စေနိုင်ပါတယ်။

သို့သော် အဲ့ဒီအခိုက်အတန့်မှာတော့ နှစ်ဖက်စလုံးမှ မောင်းနှင်သူ နှစ်ဦးလုံးဟာ အရမ်းကို စိတ်လှုပ်ရှားနေကြပြီး ပထမနေရာကို ရနိုင်ဖို့အတွက် တိုက်ခိုက်ကြရတော့မည် ဖြစ်သည်။ ပန်းတိုင်မျဥ်းကို သူတို့ ရောက်သွားတဲ့ အခါမှာတော့ ပွဲကြည့်ပရိသတ်တွေဟာ နဲ့ ရင်တထိတ်ထိတ်နှင့် ထရပ်ပြီး ချန်ပီယံ အသစ် ပေါ်ပေါက်လာသည်၊ မပေါ်ပေါက်လာသည်ကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးအချိန်ကို စောင့်မျှော်နေကြတယ်။

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

𝑵𝒐. 𝟖𝟓 𝒂𝒏𝒅 𝒉𝒊𝒔 𝒔𝒖𝒑𝒆𝒓𝒎𝒐𝒅𝒆𝒍 𝑺𝒆𝒂𝒏 Where stories live. Discover now