part -1

17 0 0
                                    

Unicode

8.2.2012
နွေဦးအစ နေသာသာမနက်ခင်းတစ်ရက်တွင် တောင်ကမူဆင်ခြေလျှောလမ်းလေးအတိုင်း ကားနီလေးတစ်စီးတရွေ့ရွေ့မောင်းလာလေသည်။ ထိုကားနီလေး၏ အမိုးထက်တွင် အသုံးအဆောင်ပစ္စည်းတွေဖြစ်ဟန်ရှိသော အထုပ်ကြီးအထုပ်ငယ်တို့ကို သေချာစွာကြိုးနှင့်တုပ်ဆိုင်းတင်ထားသည်ကိုတွေ့ရသည်။ ကားမှန်ပြတင်းတွေဖွင့်ထားတာကြောင့် ကားနီလေးဆီမှ ထွက်ပေါ်လာနေသော သီချင်းသံလေးကလည်း တငြိမ့်ငြိမ့်ပျံ့လွင့်နေလျက်။ သို့သော် ခရီးသည်ကတော့များများစားစားမပါ။ ကားမောင်းသူဦးကြီးနှင့် ရှစ်နှစ်ခန့်အရွယ်ကလေးတစ်ဦး။ ကားထဲမှဖွင့်ထားသော သီချင်းကိုအားရပါးရလိုက်ဆိုရင်း မျက်လုံးလေးတွေမှေးကျသွားတဲ့အထိ ပြုံးရယ်နေသော ထိုကလေးလေးနာမည်ကဟုန်းဆွန်းဟန်ဖြစ်ပြီး ကားမောင်းသူဦးကြီးကတော့ ဆွန်းဟန်လေးရဲ့ချစ်လှစွာသော ပါပါးဟုန်းဂျောင်ဆွန်းဖြစ်သည်။

"ဆွန်းဟန်နီး..ဟိုကျရင် အိမ်နီးချင်းအသစ်တွေတွေ့ရမှာသိတယ်နော်။ ကောင်းကောင်းမွန်မွန်လိုက်နှုတ်ဆက်လိုက်အုံး"

"ဟုတ်ကဲ့ ပါပါး"

ချစ်စဖွယ်အသံလေးနှင့် ပြန်ဖြေကာ မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးပြလာသော သားငယ်လေးကို ပါပါးဟုန်းအသည်းယားသဖြင့် မနေနိုင်ပဲပါးလေးကိုလှမ်းဆွဲမိလိုက်တော့သည်။ ဒီသားလေး လူမှန်းမသိသေးသည့်အချိန်မှာပင် မိန်းမဖြစ်သူက သားလေးရောသူ့ကိုပါနှုတ်ဆက်ချိန်မရလိုက်ပဲ လောကကြီးထဲမှအပြီးအပိုင်ထွက်ခွာသွားခဲ့သည်လေ။ ဘာမှမသိနားမလည်သေးသည့်အရွယ်မို့ ဆွန်းဟန်လေးမှာသိပ်ပြီးကြီးကြီးကျယ်ကျယ်စိတ်ဒဏ်ရာမရသွားတာသိပေမဲ့ အခုလိုအရွယ်တဖြည်းဖြည်းရောက်လာလေ သူ့သားလေးကိုပိုနားလည်လာလေဖြစ်ခဲ့သည်။ အမေရှိသည့်သူငယ်ချင်းတွေကြား ဒါမှမဟုတ် အမေအကြောင်းတွေကျောင်းမှာသင်ရတဲ့အခါ ရေးရတဲ့အခါကျ ဝမ်းနည်းရိပ်လေးတွေနဲ့မှိုင်သွားတတ်သည့် သားလေးအတွက် သူ့မှာစိတ်မကောင်းဖြစ်ရတာအခါခါပင်။ ထို့ကြောင့် သူ့မှာ သားလေးကိုအလိုလိုက်အကြိုက်ဆောင် အဖေတစ်ယောက်အနေနဲ့သာမက အမေတစ်ယောက်အနေနဲ့ပါ ပြုစုစောင့်ရှောက်ပေးလာခဲ့သည်။ တစ်ခုကံကောင်းသည်က ဆွန်းဟန်လေးက အရွယ်နဲ့မလိုက်အောင်လိမ္မာခြင်းပင်။ သွက်သွက်လက်လက်လေးနဲ့ စကားလည်းတတ်လှသလို တစ်ဖက်တွင်လည်း လူကြီးအရိပ်အခြေကိုနားလည်သည့် ယဉ်ကျေးသည့်ကောင်ငယ်လေးတစ်ယောက်လည်းဖြစ်နေလေသည်။

You've reached the end of published parts.

⏰ Last updated: Nov 01 ⏰

Add this story to your Library to get notified about new parts!

My Dear StoneWhere stories live. Discover now