အခန်း ၅

407 109 43
                                    

[ မင်းသာ အကျိုးသင့်အကြောင်းသင့်ဖြစ်ချင်ရင် ကိုယ့်ကိုခေါ်လို့ရပါတယ်....ကော လို့ ]




ဆေးရုံ VIP ခန်း၏ ဖြူဖွေးနူးညံ့နေသော ခုတင်ထက်တွင် ဟာသလေးများအနည်းငယ်ရောနှောပါဝင်နေသော စာအုပ်တစ်အုပ်ကိုဖတ်ကာ ရယ်သံလေးများ တစ်စွန်းတစ်စထွက်လျှက် ရှိနေခဲ့သူသည် ယခင်နေ့များထက်ပို၍ မျက်နှာသွေးရောင်လေးကောင်းမွန်လျှက် လန်းဆန်းနေခဲ့လေ၏။

ထိုမြင်ကွင်းလေးအား တံခါးအဟကြားထဲမှဖြတ်၍ အပြင်ဘက်မှ လှမ်းမြင်လိုက်ရပြီးနောက်တွင်မူ မစ္စတာလု မှာ တံခါးကိုအသာစေ့ပေးခဲ့ပြီး တာဝန်ရှိ ဆရာဝန်ကြီး၏ ရုံးခန်းသို့ရောက်လာခဲ့တော့သည်။

_________________

" တကယ်ကို ယုံချင်စရာမကောင်းတဲ့ အခြေအနေလို့တောင် ပြောလို့ရပါတယ် ဒါက "

သခင်လေး၏ ကျန်းမာရေး အခြေအနေကို ရှင်းပြနေသော ဆရာဝန်ကြီး၏ မျက်နှာမှာ ကောင်းမွန်သော သတင်းစကားတို့ကို လက်ဆင့်ကမ်းရမည်ဖြစ်၍ ရွှင်လန်းလို့နေ၏။

" ဆေးရုံအုပ်ကြီးကိုယ်တိုင် သခင်လေးရဲ့အခြေအနေကို အကဲခတ်ပေးတုန်းကတောင် အလွန်ဆုံး 1 နှစ်ထက်ပိုပြီး မဖြစ်နိုင်တော့ဘူးလို့ ခန့်မှန်းပေးခဲ့တာ.. ကျွန်တော်ကိုယ်တိုင်ထင်တာကလည်း 6 လလောက်ပဲ.. ဒါပေမယ့် အခု ကုသထုံးတွေကို ခန္ဓာကိုယ်ရဲ့ တုန့်ပြန်လာမှုက တကယ့်ကို အံ့မခန်းပဲ.. ခုလိုအခြေအနေနဲ့သာ ဆက်တိုးတက်သွားမယ်ဆို ကျွန်တော်အာမခံတယ်..သခင်လေးက သူ့လူငယ်ဘဝကိုတော့ သေချာလေးဖြတ်သန်းနိုင်ခွင့်ရှိဦးမှာ "

ထိုကဲ့သို့ ဆရာဝန်ကြီးနှင့် ဆွေးနွေးမှုအချို့ကို ပြုလုပ်ပြီးချိန်၌မူ မစ္စတာလု၏ မျက်နှာအမူအရာက ရှုပ်ထွေးမှုနှင့် ဝေခွဲမရမှုတို့ ပြည့်နှက်နေလျှက် သက်ပြင်းများကိုသာ မသိမသာချနေခဲ့ပါသည်။

ယခုအခြေအနေက ဘယ်လိုအခြေအနေဖြစ်လောက်မလဲဆိုသည်ကို သူလည်း အတိအကျ မခန့်မှန်းနိုင်တာမို့ စိတ်ရှင်းရှင်းနှင့် ရတက်မအေးနိုင်ဖြစ်နေရပါ၏။

ထို့နောက် အရင်ဆုံး အနီးကပ်စောင့်ရှောက်သူတစ်ဦးအနေနှင့် သူတာဝန်ရှိသည့်အတိုင်း သခင်လေး၏ အလားအလာကောင်းမွန်လာသော ကျန်းမာရေးအခြေအနေတို့အား အိမ်တော်သို့ ဖုန်းဆက်ကာ တင်ပြလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

Haunted Lover ( JAYWON )Where stories live. Discover now