Part -(15)

181 24 7
                                    


Unicode




မျက်စိရှေ့က Laptop Screen ကိုကြည့်ကာ JK အတွေးတို့ နယ်ချဲ့နေမိသည်...။ ထိုင်ခုံကျောမှီကိာမှီထိုင်ရင်း Screen ကိုမမှတ်မသုန်ကြည့်ကာ Jin Hyung ပြောခဲ့တာတွေကိုလဲ ပြန်စဉ်းစားနေမိသည်...။ ကိုယ်ထုတ်လုပ်ခဲ့တဲ့ကားတွေရဲ့ ခိုင်ခံ့မှုကို လက်မထောင်လာသမျှ EXCELLENT -4 ကတော့ အနည်းငယ်လွန်ကြူးသလိုပါပင်...။ ကားတိမ်းမှောက်မှုအကြောင်း သတင်းဌာနပေါင်းစုံကနေ တင်ထားသမျှ ချဲ့ကားရေးထားသမျှကို တစ်ခုချင်း ပြန်ရှာကြည့်မိပြန်သည်...။ တချို့သော Youtuber တွေရဲ့ သုံးသပ်ချက်တွေ...အရည်မရအဖတ်မရ နတ်ဝင်သည်တွေထိ သွားမေးထားကြတဲ့ Video File တွေ တန်းစီတက်လာတဲ့အထိ EXCELLENT -4 ရဲ့နှစ်ကြိမ်တိမ်းမှောက်မှုက အကြီးအကျယ် လူပြောစရာဖြစ်ခဲ့ပုံရသည်....။ ဒီလိုချဲ့ကားရေးသားမှုတွေကို မသိခဲ့လို့မဟုတ်ပေမဲ့ ‌အရေးတယူလုပ်စရာမလိုအပ်ဟု သူယူဆခဲ့ပါသည်....။

သို့သော်.....
Body ရုံထဲထိုးထားတဲ့ EXCELLENT -4 ရဲ့ ယိမ်းထိုးလှုပ်ရှားနေမှုက သူ့ကိုအတွေးများစေသည်...။ တကယ်ပဲတစ်ခုခုစွဲကပ်နေလေသလား...။ 21 ရာစုမှာနေတဲ့သူ့အတွက်ကတော့ သိပ်ယုံချင်စရာမရှိနေပါချေ....။ စိတ်အစဉ်သည် EXCELLENT -4 မှာတစ်ခုခုချို့ယွင်းနေသည် တစ်ခုခုမကောင်းတာစွဲကပ်နေသည်ဆိုသော စွပ်စွဲချက်တစ်ချို့ကို မကျေမနပ်ဖြစ်လာသည်....။ အဓိပ္ပါယ်မရှိလိုက်တဲ့စကားတွေ....။ ငါကိုယ်တိုင်မောင်းပြီး သက်သေပြရင်ရတာပဲမလား...။

တောက်....!!

ခပ်ကြိတ်ကြိတ်တက်ခေါက်သံတစ်ချက်ပြုကာ JK လက်တွေသည် ကားသော့ထားရာအံဆွဲဆီရောက်သွားသည်....။ ကားသော့ နှစ်ခု...။ တစ်ခုကသူကိုယ်တိုင်အတွက်ထုတ်ထားတဲ့ EXCELLENT Edition ပင်...။ တစ်ခုက EXCELLENT -4...။

"Jungkook ....ဘာလုပ်မလို့လဲ....။ EXCELLENT -4 ရဲ့သော့မလား....။ မင်းဘာလုပ်မလို့စိတ်ကူးနေတာလဲ...."

Jin Hyung ရဲ့ပြူးပြူးပြာပြာအသံကို လျှစ်လျှူရှု့ကာ EXCELLENT -4 ရဲ့ကားတံခါးကို ဆွဲဖွင့်လိုက်သည်....။ Hyung ကတားသည်...။ ခပ်စိုက်စိုက်တစ်ချက်ကြည့်တော့ ခပ်တင်းတင်းပြန်ကြည့်တာခံရသည်....။

" အဟက်...."

"ဘာရယ်တာလဲ.... EXCELLENT -4 နဲ့အပြင်သွားမယ်လို့တော့မပြောနဲ့နော် Jungkook..."

You've reached the end of published parts.

⏰ Last updated: Nov 01 ⏰

Add this story to your Library to get notified about new parts!

💥EXCELLENT -(4)💥[Uni+Zawgyi]Where stories live. Discover now