"မင်း မိုက်ရိုင်းလှချည်လား ......."
ဦး၏ရှေ့တည့်တည့်သို့ ကော့ချလိုက်ရုံမက ဘောင်းဘီပါ ချွတ်လိုက်တော့ ဦးဆီကမဟုတ်ဘဲ သူမဆီမှထွက်လာသည့်စကားက မိုက်ရိုင်းလှချည်တဲ့လား တဲ့လေ။
"ဟင်း ......."
ဦးဆီမှ သက်ပြင်းချသံထွက်လာပြီး သူ ချွတ်ချလိုက်သော ဘောင်းဘီကို ကျကျနနကို ဦးက ဝတ်ပေးလာသည် ။ဝတ်ပေးပြီးတော့ ဘာစကားမှတော့ မပြော ။ ချက်ခြင်းကို လှည့်ထွက်သွားခဲ့လေသည် ။ ထို့နောက် မြင်းဇာတ်ကြိုးကိုဆွဲပြီး မြင်းပေါ်သို့တတ်ရန် မေးငေါ့ပြလာသည်မို့ သူလည်း ချက်ခြင်း မြင်းပေါ်သို့ တတ်လိုက်သည်။
"ဟျွန်း ......."
"ရှေ့ဆက်ပြီး ခရီးဆက်ကြရအောင် ကတ်သရင်း......."
"အဲ့ကောင်လေး မိုက်ရိုင်းနေတာကို နင် ဆုံးမသင့်တယ် မထင်ဘူးလား ဟျွန်း......."
"ဘောင်းဘီချွတ်ချလိုက်တာက မိုက်ရိုင်းတာလား ကတ်သရင်း ။ အဲ့လိုကြေးဆို ငါ့ရှေ့မှ အဝတ်အစားကိုတစ်လွှာခြင်း ချွတ်ပြခဲ့ဖူးတဲ့နင်ကော မိုက်ရိုင်းတာပဲမဟုတ်လား ။ အတူတူခြင်းကို တစ်ပန်းသာချင်မနေနဲ့ ......."
မြင်းပေါ်သို့ လွှားခနဲ ခုန်တတ်လိုက်သော ဟျွန်း ။ သူမသည် ပြောစကားမဲ့ကာ ကြောင်အစွာ ထိုနေရာတွင် ရပ်နေမိဆဲ။ ဟျွန်းက နောက်ပြန်လှည့်ကြည့်ကာ မလိုက်ဘူးလားပုံစံဖြင့် ကြည့်လာသည်မို့ သူမလည်း မြင်းပေါ်အမြန်တတ်ကာ နောက်ပါးမှ တိတ်တစ်ဆိတ် လိုက်ပါလာခဲ့လိုက်သည်။နှစ်ယောက်သားရဲ့ဆက်ဆံရေးက ဘယ်အနေအထားလဲဆိုတာ သူမကောင်းကောင်းကြီးသိပြီမို့ နှုတ်ဆိတ်နေလိုက်သည်လည်း ပါတာပေါ့။
"နောက်တစ်ခါ အများအမြင်မှာရိုင်းတယ်ထင်တဲ့အပြုအမူတွေ မလုပ်နဲ့။ဒီတစ်ခါနောက်ဆုံး ဖြစ်ပါစေ ။ မင်းက သာမန်လူမဟုတ်ဘူး ။ နောင်တစ်ချိန် ဘုရင်ဖြစ်လာမယ့် သူ ......"
"ဦး သာ သားကို အမြဲရွေးချယ်ရင် မလုပ်ဘူး......."
"ဘယ်အရာနဲ့မှယှဉ်စရာမလိုအောင် မင်းကို ရွေးချယ်ထားပြီးသား ။ အဲ့တာကြောင့် ယှဉ်ရွေးခိုင်းတာတွေလည်း မလုပ်နဲ့ ...."

YOU ARE READING
My Favourite Medicine (ရပ်နား)
FanfictionUNICODE...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞 ZAWGYI...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞