အခန်း ၁၆၄၉
တွင်းနက်ထဲမှ လက်သည်းများမွှထားသော နဂါးအသားများ၏ ဟင်းခတ်အမွှေးအကြိုင်အရသာက နျူကလီးယားဗုံးကဲ့သို့ နီကိုးလပ်စ် ပါးစပ်ထဲတွင် ပေါက်ကွဲသွားပြီး မူးဝေသွားစေသည်။ အစပ်အရသာက သူ၏ မျက်ရည်ဂလင်းများကို နှိုးဆွပေးကာ မျက်ရည်စက်များက ပါးပြင်ကို လှိမ့်ကျလာပြီး ထိုမှတစ်ဆင့် မြေပြင်ပေါ်သို့ ကျသွားလေသည်။
'ငါက အချစ်ရဲ့အရသာလိုချင်တာ... အစပ်အရသာမဟုတ်ဘူး...ဒီကလေးလေးက အရူးလား ဘာလား...'
ပြင်းထန်လှသည့် အစပ်အရသာက သူ့ကို အသက်ရှုရ ကြပ်စေကာ သူ့မျက်နှာကလည်း ခရမ်းနက်ရောင်သို့ ပြောင်းသွားလေသည်။ သို့သော်ငြားလည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ အသားအရောင်က တဖြည်းဖြည်းနှင့်ပုံမှန် ပြန်ဖြစ်လာလေသည်။
သူ ဆက်ဝါးလိုက်သည့်အခါ ချောမွတ်အေးစက်နေသည့် နဂါးအသားက သူပါးစပ်ထဲတွင် ခုန်ပေါက်လာပြီး ဟင်းခတ်အမွှေးအကြိုင်အရသာက သူ့ကို သက်တောင့်သက်သာ ရှိစေသောအရသာသို့ ပြောင်းလဲ သွားလေသည်။ ထို့နောက် သူ့အတိတ်မှ မှတ်ဉာဏ်အချို့ကို ပြန်သတိရလာသောကြောင့် သူ့မျက်လုံးများက အနည်းငယ် ရှုပ်ထွေးလာပေသည်။
အတိတ်တွင် သူက နေ့တိုင်း တောင်များပေါ်တွင် ပျံသန်းကာ လယ်ကွင်းများတွင် ဆော့ကစားပြီး သူ့အပေါ် တိုက်ခတ်နေသည့် လေများကိုခံစားရခြင်းကို နှစ်သက်သည့် နဂါးလေးသာ ဖြစ်ခဲ့သည်။ သူ့ဘေးတွင် အခြားရွှေနဂါးများရှိပြီး ပျော်ရွှင်စွာ ပူပင်ကြောင့်ကြမဲ့ အတူနေထိုင်ခဲ့ကြသည်။
အေးချမ်းတဲ့ ခံစားချက်က အချစ်ရဲ့ အရိုးရှင်းဆုံး အရသာလား...နီကိုးလပ်စ် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး နဂါးအသားစပ်မွှကို စားကာ မျက်ရည်များ ကျနေလေသည်။ သူ ငိုကြွေးနေရသည်က ဟင်းခတ်အမွှေးအကြိုင်ကြောင့် မဟုတ်ချေ။ စိတ်ခံစားချက်သက်သက်ကြောင့် ဖြစ်ပေါ်လာသည့်စိတ်ကူးများကြောင့်ပင်ဖြစ်သည်။ ဟင်းပွဲတွင် ပါ၀င်သော ယင်းစိတ်ကူးများက သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်အောင်ပြုလုပ်နေလေသည်။