"ကိုယ့်လက်ကိုပဲ သေချာကိုင်ထားနော်"
ညကောင်းကင်သည် တိမ်စိုင်တိမ်မဲ လွှမ်းလျက် ပတ်၀န်းကျင်သည် အမှောင်အတိကျနေသည်။လျှပ်စီးတစ်ချက် လင်းသွားတိုင်း သွယ်ယှက်ထားတဲ့ လက်နှစ်စုံဟာ ခပ်တင်းတင်းဖြစ်လို့ အသက်ပြင်းပြင်းရှူမိကျတယ်။
ကမ်းပါးနံရံဟာ ဆွေးဆွေးမြေ့။ကျောက်ခဲမြေစိုင်အချို့ လှိမ့်ကျသွားတိုင်း ခံစားရတဲ့ အနက်ဟာ တော်ရုံတန်ရုံမဟုတ်နေပါ။လျှို့ဝှက်နေရာလေး....သူတို့ရဲ့ နိဗ္ဗာန်ဘုံလေး......။
လေအရှိန်နဲ့ လွင့်မျောနေတဲ့ သစ်ရွက်အကြွေအလွင့်
တွေ အချင်းချင်းပွတ်တိုက်နေတဲ့ သစ်ပင်တွေရဲ့ တတိတိဆူညံသံတွေရယ် မုန်တိုင်းကြောင့်လန့်ပြေးနေတဲ့ ငှက်ဆိုး အော်သံတွေအထိ... ပြီးပြည့်စုံစွာ ၀မ်းနည်းခြောက်ခြားဖွယ်ရာညဖြစ်ပါသည်။မျက်စိမှိတ်ထားလိုက်ပါ... လွတ်လပ်သွားမှာပါ
ပျံသန်းနေရသလို အမှီအခိုကင်းကင်းနဲ့ ပေါ့ပါးသွားပြီးတော့ အားလုံးလဲ ပြီးဆုံးသွားတော့မှာပါ။ကမ်းပါးထိပ်ကနေ အောက်အထိရောက်ဖို့ မိနစ်ပိုင်းပဲကြာလိုက်တယ်။ ကြောက်လန့်နေမယ်ထင်တဲ့ သူတို့ဟာ လက်တွေမြဲမြဲတွဲလို့ အဆုံးထိသွားလိုက်နိုင်ကျတယ်။တောင်ကျရေအေးအေးရဲ့ အထိအတွေ့က ခြေဖျားကနေ ခေါင်းအထိ နစ်မြှုပ်သွားမှုကို နောက်ဆုံးသိလိုက်တယ်။ ငါတို့လက်တွေ နောက်ဆုံးထိ မြဲခဲ့ကျပါတယ်.....။
အသက်ရှူရကျပ်တဲ့လူတစ်ယောက် အမောတကြီးအသက်လုရှူရသလို ပါးစပ်ဖြင့် လေကိုရှူသွင်းကာဆောင်းဟွန်းလက်ရှိကမ္ဘာမှာပြန်နိုးထလာခဲ့သည်။
ရေထဲတကယ်နစ်သွားသလို အသက်ရှူမရတဲ့ အိမ်မက်တွေအဆုံး ဒီလိုလန့်နိုးတဲ့ညသန်းခေါင်တွေ သူ့မှာအများကြီးပဲ။ ဆယ်နှစ်ကျော်ကျော်ထဲက ဒီလိုအိမ်မက်ဆိုးတွေကြောင့် လန့်ပြီးလဲခဏခဏဖျားဖူးတယ်။ ဂိတ်ဆုံး စိတ်ရောဂါကုတဲ့ဆရာ၀န်နဲ့ပါ ကုခဲ့ရလို့ ရေဆို ဆောင်းဟွန်း ပင်လယ်ရေလဲမမြင်ချင် အိမ်ကရေကူးကန်ထဲတောင်ဆင်းကူးတာမျိုးမရှိပါ။
အိမ်မက်မက်ပြီးတိုင်းလဲ ပြန်အိပ်မပျော်ပါ။ အသက်ရှူရကြပ်တယ် ပြီးတော့ ရင်ဘတ်ထဲမှာစို့နင့်နေတယ် လွမ်းစရာလဲကောင်းတယ်။ ခေါင်းစဉ်မရှိတဲ့အိမ်မက်ထဲက လူနှစ်ယောက်ဟာ သနားစရာသိပ်ကောင်းတယ်။
YOU ARE READING
Fate's Second Chance
Fanfictiondifferent lifetime , same people and history repeats in love