1940၀န်းကျင်ခေတ်
" ဒီဘက်ကိုလာနေပြီ လာနေပြီ ဟိုမှာကြည့်"
"အို ခံ့ညားလိုက်တာ သခင်လေးရယ်"
မြေနီလမ်းပေါ်၌ တငြိမ့်ငြိမ့်စီးနင်းလို့ ဖြတ်သန်းသွားတဲ့ စက်ဘီးလေးဟာ တစ်ပတ်တစ်ခါတော့ပုံမှန် ဒီလမ်းကဖြတ်သွားတတ်သည်။ နီညိုရောင်ထနေသော လမ်းကလေး သစ်လွင်တောက်ပြောင်နေတဲ့ နိုင်ငံခြားဖြစ်စက်ဘီးလေးရယ် အညိုရောင်သခင်လေးရယ်
သိပ်ခံ့ညားတဲ့ ဒီအမျိုးသားဟာ အမျိုးသမီးငယ်တိုင်းရဲ့အိမ်မက်ဖြစ်သည်။ရှင်းလင်းတည်ကြည်တဲ့ မျက်နှာလှလှဟာ ၁၉ရာစုရဲ့ အနုပညာစစ်စစ်ပဲ အကြည့်စူးရှ ပျက်ရွေ့သော မျက်၀န်းနက်တွေကြောင့်လဲ ရူးကျသလို အသွေးရောင် နှုတ်ခမ်းပါးကအပြုံးမပီမသကြောင့်လဲ ရူးကျရပါတယ်။
" သွားတော့မလို့လား William"
" အင်း နောက်မှတွေ့ကျမယ်"
စားလက်စ ပေါင်မုန့်လေးကို အပြီးသတ် ပလုတ်ပလောင်းထိုးထည့်ကာ William ထိုနေရာမှထကာ အမြန်ပြေးသွားသည်။ ဈေးရှိတဲ့လမ်းဆီ ပြေး၀င်ပြီး များစွာသော လူအုပ်ကြားထဲမှာ ပေါ့ပါးစွာ ပြေးရင် သီချင်းသံတိုးတိုး ညည်းဆိုမိသည်။
William ခြေလှမ်းတွေဟာပေါ့ပါးလွန်း၍ မြေပြင်နှင့်ပင်မထိရလေအောင် ခုန်ပေါက်နေသလား အောက်မေ့ရသည်။ သူစိတ်လှုပ်ရှားနေခဲ့တယ် ပျော်နေခဲ့တယ်
" နှင်းဆီနီလေး တစ်ပွင့်ပေးပါခဗျ"
အကြွေစေ့တစ်စေ့နဲ့ ပန်းတစ်ပွင့် အမြန်လဲယူကာ အနီးမှာရှိနေတဲ့ သတင်းစာတိုက်ရှေ့အရောက် ကိုယ်ဟန်သတ်ကာ အမောဖြေလိုက်ပါတယ်။ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလို့ ဘယ်ညာကြည့်ကာ သတင်းစာတိုက်ရှေ့က ထိုနိုင်ငံခြားဖြစ်စက်ဘီးနားလေး တိုးကာကပ်သွားသည်။
နှင်းဆီနီလေးကို စက်ဘီးခြင်းထဲ ထိုးထည့်ပေးပြီးတော့ William ဟာ သူ့အလုပ်လေး အောင်မြင်စွာ ပြီးဆုံးသွားသလို စိတ်အေးအေးစွာ ကျေနပ်သယောင် ပန်းပွင့်လေးကိုကြည့်ကာ ပြုံးပျော်နေခဲ့သည်။
သူ့ရဲ့သခင်လေး အညိုရောင်တွေနဲ့ပဲလိုက်တဲ့ သခင်လေး Benjamin ထူးထူးခြားခြား နှင်းဆီအနီတွေနဲ့လဲ တင့်တယ်တဲ့သူ။ ပန်းပေးတယ်ဆိုတာ ချစ်လို့ပါဆိုတဲ့ အဓိပ္ပါယ်ကို ဒီသခင်က မသိရိုးလား... ဟင့်အင်း သိမှာပါ
YOU ARE READING
Fate's Second Chance
Fanfictiondifferent lifetime , same people and history repeats in love