နေ့လည်ခင်း ပူအိုက်စပ်နေသောအခန်းတစ်ခုအတွင်း
လူလေးဆယ့်ခြောက်ယောက်ထိုင်နေကြသည်။
လူအရေအတွက်အတိအကျသိနေသည်မို့လိုက်ရေထားသလားဆိုလျှင်ထိုသို့မဟုတ်။သိသင့်သည့်အရာတစ်ခုမို့သိနေခြင်းပင်ဖြစ်သည်။
အစီအရီဖြင့်ခုံတစ်ခုံစီတစ်ေယာက်နှုန်းထိုင်နေကြသည်မို့ တစ်ဦးစီကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။
အတန်းတိုင်း၏ထုံးစံအတိုင်း တာ၀န်ခံဆရာ/မ မရှိချိန်မှာ စကားသံတွေက တောင်ကျရေအတိုင်းတဝေါဝေါပင်။
သုံးလေးယောက်တစ်စုစီဖြင့် ပြောနေကြသည်မို့
ရယ်သံထွက်လာလျှင်လည်း အနည်းငယ်ကျယ်လောင်နေသည်ဟုကျွန်မထင်သည်။ထောင့်စွန်းကခုံတစ်ခုံမှာ လေးပင်ပျင်းတွဲစွာထိုင်ရင်း အတန်းထဲကိုတစ်ချက်ဝေ့ ကြည့်လိုက်သည်။
ထို့နောက်ခုံနောက်အမှီကို မှီလိုက်ရင်း အခန်း၀င်ပေါက်ကနေအပြင်ပတ်၀န်းကျင်ကိုငေးကြည့်နေလိုက်သည်။
စာသင်ခန်း၏တစ်ဖက်မျက်နှာချင်းဆိုင်အဆောက်အဦး၏သွပ်များသည်
နေရောင်ကြောင့် မျက်စိကျိန်းလှသည်။စိမ်းစိမ်းစိုစိုဟူ၍မျက်နှာချင်းဆိုင်အဆောက်အဦးနားမှာစိုက်ထားသော ကျောက်ခက်ပင်ကြီးမျိုး အပင်တချို့ကိုသာတွေ့ရသည်။
ပတ်၀န်းကျင်တစ်ဝိုက်မျက်စိကစားမှုကို
ထိုအပင်တွေနားမှာတင်အဆုံးသတ်လိုက်သည်။
မျက်စိအမြင်အာရုံအသုံးပြုမှုများလာရင် ပတ်၀န်းကျင်ကစိမ်းစိုနေသောအပင်များကိုကြည့်သင့်တယ်လို့
ကျွန်မစာတစ်စောင်မှာဖတ်ခဲ့ဖူးတယ်လေ။လက်မှာပတ်ထားတဲ့နာရီရဲ့ လက်တံကိုတစ်ချက်ငုံ့ကြည့်ရင်း နောက်တစ်ချိန်အတန်းတက်ရတော့မည်ကိုသတိပြုလိုက်မိသည်။
အတန်းထဲကစကားပြောသံတွေလည်းတဖြည်းဖြည်း
တိုးလာသည်လို့ထင်လိုက်သည်။ဆရာမလာတော့မည်မို့ အားလုံးကြိုငြိမ်သွားသည်ထင်ပါတယ်။
လမ်းလျှောက်လာသံ ခပ်ဖွဖွကြားသည်။
အနည်းဆုံးလူနှစ်ယောက်လျှောက်လာသံပဲ
ဒီစာသင်ခန်းဆီသို့ ဦးတည်လာသံမို့ တီချယ်တို့မှန်းသိလိုက်သည်။
YOU ARE READING
အသက်ဓာတ်အပ်နှင်းခဲ့ပါသောထိုအမျိုးသမီးသို့
Romanceခွဲခွာရမယ်ဆိုရင်တောင်ခင်ဗျားနဲ့တွေ့ဆုံရမှူကိုနောင်တမရဘူး