ယခုဇာတ်လမ်းအကြောင်းအရာသည်စာရေးသူရဲ့စိတ်ကူးယဉ်မှုသာဖြစ်၍Idolကိုထိခိုက်စေရန်မရည်ရွယ်ပါ!!!
" ဟင်? "
ချွမ်ရွေ့အချိန်ပိုင်းလုပ်နေတဲ့GS25ကနေသူ့တိုက်ခန်းအထိကဝေးတယ်လို့လည်းပြောမရတဲ့အကွာအဝေးလေး။ကားလမ်းမကြီးဘက်ကနေမပြန်ဘဲလမ်းကြားလေးတွေကနေဖြတ်သွားရင်ဆယ့်ငါးမိနစ်လောက်သာကြာသည်။နေ့ခင်းဘက်ကနေညနက်အထိအလုပ်ချိန်မလို့ချွမ်ရွေ့ရဲ့အိမ်ပြန်ချိန်ကသန်းခေါင်ယံ၂နာရီ။ဆောင်းဝင်ကာစအေးသိမ့်စိမ့်ရာသီဥတုမှာည၁၂နာရီတုန်းကဒိတ်ကုန်သွားတဲ့ခေါက်ဆွဲထုတ်လေးကိုပိုက်ရင်းအိမ်ကျအပီအပြင်ခေါက်ဆွဲလေးစားရင်းနားဖို့စဉ်းစားမိနေခြင်း။လမ်းကြားထောင့်တစ်နေရာမှာမြင်လိုက်ရတဲ့နီညိုရောင်ခွေးသေးသေးလေးကချွမ်ရွေ့ရဲ့ခြေလှမ်းတွေကိုရပ်သွားစေဖို့လုံလောက်သည်။ပုံမှန်ဆိုချွမ်ရွေ့ကခွေးချစ်တတ်တဲ့အထဲတော့မပါ။ဒါပေမဲ့ကိုးရီးယားရဲ့အခုလိုအေးစိမ့်စိမ့်ညမှာလမ်းကြားထဲမှာကွေးကွေးလေးဖြစ်နေတဲ့ပါပီလေးကိုလည်းသူ့မယ်လျစ်လျူမရှုနိုင်။
" ဒီအမူးသမားတွေတော့! "
ခွေးသေးသေးလေးကိုကောက်ပွေ့ရင်းအနွေးထည်ထဲထည့်ကာပိုက်ထားမိတော့အရက်နံ့ကအလုံးအရင်းဝင်လာသည်။ခုခံနိုင်အားမရှိတဲ့ပါပီပေါက်လေးကိုအမူးသမားတွေကအနိုင်ကျင့်ထားတာဖြစ်ကောင်းဖြစ်နိုင်သည်ဟုတွေးမိသွားပါ၏။
" ဒီမှာခဏလေး ငြိမ်ငြိမ်လေးနေနေနော် "
ကောက်ပွေ့လာကတည်းကတုတ်တုတ်မှမလှုပ်တဲ့ခွေးလေးကအိပ်ပျော်နေပုံရသည်။သူ့စကားကိုနားလည်၊မလည်သူမသိပါ။ဧည့်ခန်းထဲကဆိုဖာလေးပေါ်တင်ထားရင်းအိမ်နေရင်းအကျီအရင်လဲဝတ်လိုက်သည်။
" ရေနွေးနွေးလေးဆိုတော့ ခဏပြန်အအေးခံလိုက်ရင် အဆင်ပြေလောက်မှာပါ "
ခွေးပေါက်လေးတွေခံနိုင်သည့်ရေအပူချိန်ကိုလိုင်းပေါ်ကရှာကြည့်တော့အပူဒဏ်မခံနိုင်ဟုအပြောများကြမို့ခပ်နွေးနွေးရေကိုရေချိုးကန်ထဲအရင်ဖြည့်ရင်းခဏအအေးပြန်ခံထားလိုက်သည်။
YOU ARE READING
ခွေးပေါက်လေးမဟုတ်တဲ့ကိုကို့ကောင်လေး
Fanfictionယခုဇာတ်လမ်းအကြောင်းအရာသည်စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။