Chapter_1

12 1 0
                                    

Unicode

ဆားနံ့သင်းနေသည့် ပင်လယ်ပြင်ကျယ်ကို ကုန်းကမူခပ်မြင့်မြင့်မှနေ၍ကြည့်ရသည်မှာဒီလောကကြီးထဲကသူအနှစ်သက်ဆုံးခံစားချက်ပင်။ ရေမှုန်ရေစတွေပါလာတဲ့လေထဲ ပျော်ရွှင်စွာကခုန်နေတဲ့သူ့ဆံနွယ်တွေအားလည်းသဘာဝအလျောက်ဖြေလျှော့ထားမိသည်။ မျက်လုံးကိုအသာမှိတ်ကာလေတွေရဲ့တီးတိုးစကားသံနှင့်ပင်လယ်ရဲ့တေးဆိုသံကိုနားထောင်နေမိခိုက်မှာပင်..

"ထရေဇာ ဟေး ထရေဇာ!"
နောက်မှခပ်ဆတ်ဆတ်ခေါ်သံကြောင့်သူလှည့်ကြည့်လိုက်မိတော့သူမသူငယ်ချင်းမေရီဖြစ်သည်။

"ငါ့မယ်တော့နင့်ကိုလိုက်ရှာလိုက်ရတာ တော်သေးရဲ့အဖိုးအက်ဒ်ကနင်တောင်ကုန်းပေါ်တက်သွားတယ်ဆိုလို့"

"ဘာလို့ငါ့ကိုရှာတာလဲ"

"နင့်ဆီစာလာတယ်"
သူထခုန်မတတ်ပင် ချက်ချင်းထရပ်လိုက်သည်။

"ဘယ်မှာလဲ!!"

"အိမ်မှာပေါ့ လိပ်စာကနင်မျှော်နေတဲ့နေရာကမို့ ငါချက်ချင်းလိုက်လာတာ"
သူမျှော်နေသည့်သူဆီမှစာဖြစ်သဖြင့်ချက်ချင်းဆိုသလိုလှည့်ထွက်ဖို့သူပြင်ကာ

"ပြန်ကြရအောင်"

"အေးပါ လာ"

အိမ်သို့ရောက်တော့ မေရီကသူ့တို့ရဲ့ပေါင်မုန့်ဆိုင်ငယ်လေးထဲဝင်သွားကာစာအိတ်တစ်ကိုယူကာပြန်ထွက်လာသည်။

"ကဲရော့"
စာအိတ်လေးလက်ထဲရောက်လာတာနဲ့ အမြန်သူ့အိမ်ခန်းဆီတက်လာခဲ့မိသည်။
အိပ်ယာပေါ်အသာထိုင်ချကာ စာအိတ်အားအမြန်ဖွင့်ဖောက်ကာစာထဲရေးထားမယ့်စာတွေကိုလျင်မြန်စွာဖတ်လိုက်မိသည်။ ပထမတစ်ကြောင်းမှာပြုံးနေပေမယ့်အောက်ရောက်လေလေမျက်နှာမှာညိုမဲလာကာမျက်နှာထက်ကအပြုံးတွေလည်းတစထက်တစထက်ပျောက်ကွယ်လာသည်။

အိပ်ယာထက်ပစ်လှဲချလိုက်မိကာ မျက်ရည်များလဲတာရိုးကျိုးပျက်သလိုကျလာသည်။ သည်းထန်စွာငိုကြွေးပြီးနောက်အိမ်ပေါ်မှပြေးဆင်းကာ မေရီ့ထံအပြေးသွားမိသည်။ပေါင်မုန့်ဆိုင်ထဲများပြားလှတဲ့လူတွေကိုမမှုနိုင်ပဲ မေရီ့ဆီအပြေးသွားကာ

You've reached the end of published parts.

⏰ Last updated: Nov 04 ⏰

Add this story to your Library to get notified about new parts!

Dear TracerWhere stories live. Discover now